Science & Technology11 hours ago
တရုတ်နိုင်ငံ၏ ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းက ကမ္ဘာ့ဒုတိယအကြီးမားဆုံးလုပ်ငန်းဖြစ်လာ
ပေကျင်း၊ ဩဂုတ် ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းမှာ လက်ရှိအချိန်တွင် ကမ္ဘာ့ဒုတိယအကြီးမားဆုံး ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်း ဖြစ်လာခဲ့ပြီး ကမ္ဘာတစ်ဝန်း၌ သုတေသနပြု တီထွင်ထုတ်လုပ်လျက်ရှိသော ခေတ်မီဆန်းသစ်သည့် ဆေးဝါးပမာဏ စုစုပေါင်း၏ ၃၀ ရာခိုင်နှုန်းခန့်ကို ထုတ်လုပ်နေကြောင်း ကျန်းမာရေးတာဝန်ရှိသူတစ်ဦး၏ ဩဂုတ် ၂၂ ရက်၌ ပြောကြားမှုအရ သိရသည်။