ဆန်းကျန့်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ) လွန်ခဲ့သည့်တစ်နှစ်ကျော်က စတင်ပြေးဆွဲခဲ့သည့် တရုတ်နိုင်ငံ ဆန်းကျန့်မြို့နှင့် မက္ကဆီကိုမြို့တို့အကြား တိုက်ရိုက်ခရီးသည်တင်လေကြောင်းလိုင်းသည် ခရီးစဥ် ၃၄၈ ကြောင်း (အသွားအပြန်ခရီးအပါအဝင်) ပြေးဆွဲပြီးဖြစ်ကြောင်းနှင့် စက်တင်ဘာ ၂၁ ရက်အထိ အလည်အပတ်ခရီးသည်ခရီးစဉ် ၅၀,၀၀၀ ကျော် လက်ခံရရှိခဲ့ကြောင်း တရုတ်နိုင်ငံတောင်ပိုင်းလေကြောင်းလိုင်း ဆန်းကျန့်ဌာနခွဲ က...
နန်နင်း၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ) နိုင်ငံတကာ ကုန်းလမ်း-ပင်လယ်ရေကြောင်း ကုန်သွယ်ရေးစင်္ကြံသစ်၏ ကုန်စည်ပမာဏ တစ်ဟုန်ထိုးမြင့်တက် လာရာတွင် ယခင်နှစ်အလားတူကာလထက် ၇၀.၃ ရာခိုင်နှုန်းမြင့်တက်ကာ ယခုနှစ် ပထမသုံးလပတ်တွင် ပေ၂၀ ကွန်တိန်နာစံအတိုင်းအတာယူနစ် (TEUs) ၁.၀၉ သန်း ရှိခဲ့ကြောင်းသိရသည်။
မာလေ၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ) မော်လ်ဒိုက်နိုင်ငံအနေဖြင့် ရေရှည်တည်တံ့၍ သာယာဝပြောသည့် အနာဂတ်ကို တည်ဆောက်ရန်အတွက် နယ်ပယ်အသီးသီး၌ တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တစ်ဆင့်တိုး၍ နက်နက်ရှိုင်းရှိုင်းလုပ်ဆောင်ရန် အသင့်ရှိကြောင်း မော်လ်ဒိုက်နိုင်ငံ သမ္မတ မိုဟာမက် မူအစ်ဇူက ပြောကြားခဲ့သည်။
နောက်ခ်ချော့တ်၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ) မော်ရီတေးနီးယားနိုင်ငံ၊ ထရာဇာဒေသတွင်တည်ရှိပြီး တရုတ်ကုမ္ပဏီတစ်ခုမှ တာဝန်ယူတည်ဆောက် ပေးခဲ့သည့် Beni Nadji ရေဆိုး အကြိုသန့်စင်စခန်းစတင်ဖွင့်လှစ်လည်ပတ်သည့်အခမ်းအနားကို စက်တင်ဘာ ၂၉ ရက်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါဖွင့်ပွဲအခမ်းအနားသို့ မော်ရီတေးနီးယားနိုင်ငံ သမ္မတ အူလက်ဂါဇူအာနီ၊ ဟိုက်ဒရောလစ် (ရေအားအတတ်ပညာ) နှင့်...
ပေကျင်း၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အမျိုးသားအာကာသစီမံခန့်ခွဲမှုဦးစီးဌာန(CNSA) က အာကာသအတွင်း စူးစမ်းလေ့လာရေး ခရီးစဉ်အဖြစ်လွှတ်တင်ခဲ့သော ထျန်းဝန့်-၂ အာကာသယာဉ်မှ ထူးခြားသောပုံရိပ်အဖြစ်ရိုက်ကူးခဲ့သည့် ကမ္ဘာမြေနှင့်ဆဲလ်ဖီဓာတ်ပုံကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁ ရက်၌ ထုတ်ပြန်ပြသလိုက်သည်။ အသစ်ထုတ်ဖော်ပြသလိုက်သည့် ဓါတ်ပုံမှာ စက်ရုပ်လက်တံမှ စောင့်ကြည့်ကင်မရာဖြင့် ရိုက်ကူးခဲ့ခြင်း...
ပေကျင်း၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် နိုင်ငံ၏တိုးတက်ဖွံဖြိုးရေးတွင် ထူးချွန်စွာအထောက်အကူပြုခဲ့သည့် နိုင်ငံခြားသားကျွမ်းကျင်သူ ၅၀ ဦးအား စက်တင်ဘာ ၃၀ ရက်တွင် ၂၀၂၅ တရုတ်နိုင်ငံအစိုးရ၏ချစ်ကြည်ရေးဆု ဂုဏ်ပြုပေးအပ် ခဲ့ကြောင်းသိရသည်။ တရုတ်နိုင်ငံတော်ကောင်စီဝင် ရှန့်ရှီချင် က ပေကျင်းမြို့ပြည်သူ့ခန်းမဆောင်တွင် ကျင်းပပြုလုပ်သည့် အခမ်းအနား၌ ကျွမ်းကျင်ပညာရှင်များအား ဂုဏ်ပြုသဝဏ်လွှာများ...
ပေကျင်း၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ) ပြည်သူတစ်ရပ်လုံးအနေဖြင့် ဆက်လက်၍ စွမ်းစွမ်းတမံ ကြိုးပမ်းအားထုတ်ကာ တရုတ်နိုင်ငံ၏ ခေတ်မီအသွင်ပြောင်းမှုကို ရှေ့ဆက်ဖော်ဆောင်ရာတွင် ခိုင်မာသော သန္နိဋ္ဌာန်ဖြင့် အခိုင်အမာ ဆက်လက်ကြိုးပမ်းသွားရန် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က စက်တင်ဘာ ၃၀ ရက်၌ တိုက်တွန်းပြောကြားခဲ့သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခြင်း ၇၆...
ချိန်တူး၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအနောက်တောင်ပိုင်း စီချွမ်းပြည်နယ်တွင် ရှေးဟောင်းစာအုပ်များ ကာကွယ်ထိန်းသိမ်းခြင်းနှင့် အသုံးပြုခြင်းတို့ကိုရည်ညွှန်းသည့် နိုင်ငံ၏ ပထမဆုံးဒေသန္တရဥပဒေများကို အတည်ပြုခဲ့ကြောင်း စီချွမ်းပြည်နယ် ပြည်သူ့ကွန်ဂရက်၏ အမြဲတမ်းကော်မတီက စက်တင်ဘာ ၃၀ ရက်၌ ပြောကြားခဲ့သည်။ အဆိုပါဥပဒေသည် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင်...
ကောင်းကင်ယံတွင် အမြင့်ပျံသန်းနေသည့် စိတ်ကူးယဉ်သိပ္ပံဇာတ်လမ်းထဲမှ ချောမွတ်တောက်ပြောင်နေသော ဒီဇိုင်းဖန်တီးမှုပုံစံမျိုးဖြစ်သည်။ တရုတ်နိုင်ငံထုတ် S1500 မှာ သာမန်တာဘိုင် တစ်ခုမျှသာမဟုတ်ဘဲ ကမ္ဘာ့အကြီးဆုံး လေပေါ်ပျံဝဲနိုင်သော စွမ်းအင်ထုတ်လုပ်ရေး ယန္တရားတစ်ခုလည်းဖြစ်သည်။ အလျား ၆၀ မီတာ၊ အမြင့် ၄၀ မီတာရှိသည့် အဆိုပါ တာဘိုင်ကြီးမှာ လေပြည်လေညင်းများကို သန့်စင်သော စွမ်းအင်အဖြစ် အသွင်ပြောင်းပေးရန်...
နေ၏အလင်းရောင်အား တစ်နေရာတည်းသို့ စုစည်းအလင်းပြန်စေသည့် ရောင်ပြန်ပြား (heliostat) ၁၀,၀၀၀ ကျော်မှာ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကန်းစုပြည်နယ် အားခက်စိုက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲတွင် နေရောင်အောက်၌ တဖိတ်ဖိတ်တောက်ပလျက်ရှိသည်။ ယင်းသည် တပ်ဆင်စွမ်းအင် စုစုပေါင်း မဂ္ဂါဝပ် ၇၅၀ ထုတ်လုပ်နိုင်သည့် နေအပူစွမ်းအင်နှင့် အလင်းဖြင့် လျှပ်စစ်ထုတ်ပေးနိုင်သော စွမ်းအင်တို့အတွက် ရှေ့ပြေးစီမံကိန်းတစ်ခုပင်ဖြစ်သည်။ (Xinhua)...