Social6 years ago
တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော် အထိမ်းအမှတ် (၁၅) ကြိမ်မြောက် တရုတ် ရိုးရာ ခြင်္သေ့နဂါးအကအလှစွမ်းရည်ပြိုင်ပွဲကျင်းပမည်
ရန်ကုန်၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ) မကြာမီရောက်ရှိမည့် တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော် အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံ ခြင်္သေ့နဂါးအကအဖွဲ့ချုပ်ကကြီးမှူး၍ (၁၅) ကြိမ်မြောက် တရုတ် ရိုးရာ ခြင်္သေ့နဂါးအကအလှစွမ်းရည်ပြိုင်ပွဲကို ဇန်နဝါရီ ၂၆ ရက်မှ စတင်၍ ရန်ကုန်တိုင်းဒေသကြီး၊ လသာ မြို့နယ် စဉ်.အိုးတန်းလမ်း(အထက်လမ်း)တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။