Asia5 years ago
ဆင်းရဲနွမ်းပါးမှုလျှော့ချရေးတွင် တရုတ်နိုင်ငံသည် နိုင်ငံတကာ၏စံပြဖြစ်ဟု ကမေ္ဘာဒီးယားနိုင်ငံ ပြန်ကြားရေးဝန်ကြီး ဆို
ဖနွမ်းပင်၊ ဇန်နဝါရီ ၂၆ရက်(ဆင်ဟွာ) လွန်ခဲ့သော နှစ်ပေါင်း ၄၀ ကျော်ကြာကာလအတွင်း တရုတ်နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးလုပ်ငန်းများသည် ကမ္ဘာတစ်ဝန်းလုံးအာရုံထားဂရုပြုရလောက်သည့် အောင်မြင်မှုများရရှိခဲ့ရာ နိုင်ငံတကာအသိုက်အဝန်း၊အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စံပြနမူနာ ဖြစ်လာခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံ ပြန်ကြားရေးဝန်ကြီးနှင့်အစိုးရပြောရေးဆိုခွင့်ရှိသူKhieu Kanharithက ဆင်ဟွာ၏ ယခုရက်ပိုင်းများအတွင်း သီးသန့်တွေ့ဆုံမေးမြန်းမှုတွင် ပြောကြားခဲ့သည်။