ပေကျင်း ၊ ဇူလိုင် ၁၅ ရက်(ဆင်ဟွာ) မကြာသေးခင်က ထိုင်ဝမ် နှင့် တရုတ်ပြည်မကြီးအကြား BioNTech COVID-19 ကာကွယ်ဆေးများ ဝယ်ယူရေး သဘောတူညီချက်တစ်ခု မှာ ထိုင်ဝမ်ကျွန်း၏ ကပ်ရောဂါထိန်းချုပ်ရေးအတွက် မျှော်လင့်ချက် ရောင်ခြည်ဖြစ်ခဲ့ရသည်။
ပေကျင်း၊ ဇူလိုင် ၁၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး အကြိမ်ရေ (၁.၄)ဘီလီယံကျော် ထိုးနှံပြီးဖြစ်ရာ ကိုယ်ခံစွမ်းအား မဟာတံတိုင်းကို တစ်ဆင့်တိုး တည်ဆောက်နိုင်ခဲ့ကြောင်း တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်က ဇူလိုင် ၁၄ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ပေကျင်း၊ ဇူလိုင် ၁၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံတွင် ကမ္ဘာ့အကြီးဆုံး fiber optic network၊ 4G နှင့် 5G independent networkများ တည်ဆောက်ပြီးစီးပြီ ဖြစ်ကြောင်း ၂၀၂၁ ခုနှစ် (၁၂)ကြိမ်မြောက် တရုတ်နိုင်ငံအင်တာနက်ကွန်ဖရင့် ဇူလိုင် ၁၃ ရက်သတင်းများအရ သိရသည်။
ပေကျင်း၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (MOC) က နိုင်ငံခြားကုန်သွယ်ရေးတွင် ဈေးကွက်ယှဉ်ပြိုင်မှုများ ဖွံ့ဖြိုးတိုးတက်စေရန် နယ်စပ်ဖြတ်ကျော် e-commerce ဆိုင်ရာ ရှေ့ပြေးဇုန်များ တက်ကြွစွာ ချဲ့ထွင်သွားရန် ဇူလိုင် ၁၂ ရက်က ကတိပြုခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ စီချွမ်းပြည်နယ် နင်းနန် ကောင်တီနှင့် ယူနန်ပြည်နယ် ချောင်ကြား ကောင်တီတို့ထိစပ်ရာ ကျင်ဆားမြစ်ကြောင်းပေါ်တွင်တည်ရှိသည့် ကမ္ဘာပေါ်တွင်ဒုတိယအကြီးဆုံး ရေအားလျှပ်စစ်စက်ရုံဖြစ်သော ပိုင်ဟဲ့ထမ်းရေအားလျှပ်စစ်စက်ရုံ၏ ပထမဆုံးဓါတ်အားပေးယူနစ် နှစ်ခုမှာ စတင်လည်ပတ်လျက်ရှိပါသည်။ ကမ္ဘာတစ်ဝှမ်းမှ အာရုံစိုက်မှုများကို ဆွဲဆောင်ထားသည့် အဆိုပါ ရေအားလျှပ်စစ်စက်ရုံ၏ ရင်သပ်ရှုမောဖွယ်မြင်ကွင်းများအား တင်ဆက်ထားပါသည်။...
တိုင်ကျိုး၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ်ရှိ ကမ်းရိုးတန်းတွင် သောင်တင်နေသော ဝေလငါး ၉ ကောင်ကို အချိန် ၁၀ နာရီ ကြာ ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့ရ ကြောင်းသိရသည်။ ထိုအထဲမှဝေလငါး ၄ ကောင်ကို Taizhou Ocean World နှင့် အနီးရှိ...
ဝမ်တိန်၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဝမ်တိန်ဒေသတွင် ကပ်ရောဂါအခြေအနေအရ ယင်းဒေသတစ်ခုလုံးကို ဇူလိုင် ၈ ရက် ၁၄ နာရီမှစ၍ Stay-at-Home ကျင့်သုံးမည်ဖြစ်ကြောင်း ရွှေလီမြို့ ဝမ်တိန်ဒေသ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း ညွှန်ကြားရေးအဖွဲ့က ယင်းနေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ဝမ်တိန်ဒေသ၏...
ပေကျင်း၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက မြင့်မားသော အဆောက်အအုံများအား တင်းတင်းကြပ်ကြပ် စိစစ်ဆောင်ရွက်ရန် ကြိုးပမ်းအားထုတ်မှုများလုပ်ဆောင်နေစဉ်အတွင်း မီတာ ၅၀၀ အထက် မိုးမျှော်တိုက်အသစ်များ တည်ဆောင်ခြင်းကို တားမြစ်သည့် ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ဒါကာ၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ကူညီပံ့ပိုးမှုများဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ဝန်း ချစ်ကြည်ရေးတံတား ၇ စင်း တည်ဆောက်ပြီးစီးခဲ့ကြောင်းနှင့် ယခုအခါ ၈ စင်းမြောက်တံတားအား ဒါကာမြို့တော်မှ အနောက်တောင်ဘက် ၁၈၅ ကီလိုမီတာအကွာ၊ Pirojpur ခရိုင်ရှိ Kocha မြစ်အား ဖြတ်ကျော် တည်ဆောက်လျက်ရှိကြောင်း သိရသည်။
ကူမင်း၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်တွင် ဇူလိုင် ၆ ရက်က ဒေသတွင်း COVID-19 အတည်ပြုလူနာအသစ် ၁၅ ဦးနှင့် ရောဂါလက္ခဏာမပြသူ ၂ ဦးရှိကြောင်း ပြည်နယ် ကျန်းမာရေးကော်မရှင်က ဇူလိုင် ၇ ရက်၌ ပြောကြားခဲ့သည်။