Connect with us

Videos

တရုတ်နိုင်ငံက ကျေးလက်ဒေသများရှိ လျှပ်စစ်ဓာတ်အားလိုင်း အဆင့်မြှင့်တင်မည်

ပေကျင်း၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက ကျေးလက်ဒေသများတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု အဆင့်မြှင့်တင်ရေးနှင့် ကျေးလက်ဒေသ ပြန်လည်ရှင်သန်တက်ကြွလာရေးအတွက် ယင်းဒေသများရှိ လျှပ်စစ်ဓာတ်အားလိုင်း အဆင့်မြှင့်တင်ရန် နိုင်ငံတစ်ဝန်းစီမံကိန်းများကို စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင် (NDRC) က ဇူလိုင် ၁၄ ရက်တွင် ပြောကြားခဲ့သည်။၂၀၂၅ ခုနှစ်မတိုင်မီ ကျေးလက် လျှပ်စစ်ဓာတ်အားလိုင်း တည်ဆောက်မှုမှာ ပိုမိုခိုင်မာလာမည်ဖြစ်ကာ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်စွမ်းနှင့် လျှပ်စစ်ဓာတ်အားတည်ငြိမ်မှု အဆင့်မြှင့်တင်လာမည်ဖြစ်ကြောင်း NDRC နှင့် အခြားဌာန နှစ်ခုမှ ထုတ်ပြန်သောလမ်းညွှန်ချက်၌ ဖော်ပြထားသည်။

၂၀၃၅ ခုနှစ်မတိုင်မီ ဘေးကင်း စိတ်ချရသော ကျေးလက်လျှပ်စစ်ဓာတ်အားလိုင်းစနစ်သည် အခြေခံအားဖြင့် ပုံစံကျလာမည်ဖြစ်သည်။ တရုတ်နိုင်ငံအနေဖြင့် ကျေးလက်ဒေသများ၌ ပြည့်ဖြိုးမြဲစွမ်းအင် တိုးတက်မှုကို ပံ့ပိုးပေးမည်ဖြစ်ကြောင်း လမ်းညွှန်ချက်အရ သိရသည်။

ထို့ပြင် ဆက်စပ်ဌာနများအနေဖြင့်လည်း ကျေးလက်ဒေသ လျှပ်စစ်ဓာတ်အားလိုင်း အဆင့်မြှင့်တင်ရာတွင် ငွေကြေး ပံ့ပိုးပေးခြင်းနှင့် ချေးငွေများ ထုတ်ပေးခြင်းအတွက် ကြိုးပမ်းအားထုတ်မှုများ အရှိန်မြှင့်ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ (Xinhua)

………………………………
China to upgrade power grid in rural areas
BEIJING, July 14 (Xinhua) — China will launch nationwide projects to upgrade the power grid in rural areas to improve power supply and promote rural revitalization, according to the National Development and Reform Commission (NDRC) Friday.
By 2025, the rural power grid structure will be stronger, with power supply capacity and quality steadily improved, said a guideline issued by the NDRC and two other departments.
By 2035, a safe and reliable modern rural power grid system will be basically formed. The country will support the development of renewable energy in rural areas, the document said.
Relevant departments will beef up efforts in supplying capital and issuing loans for upgrading rural power grids, according to the guideline.