လန်ဒန်၊ ဩဂုတ် ၁၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် အနာဂတ် သန့်ရှင်းသောစွမ်းအင် အကူးအပြောင်း၌ ကမ္ဘာပေါ်တွင် ဦးဆောင်လျက်ရှိပြီး ၎င်း၏ အစိမ်းရောင်နည်းပညာ ထုတ်လုပ်မှုက အကြောင်းပြချက်ဖြစ်ကြောင်း ဘီဘီစီ၏ ဩဂုတ် ၉ ရက်တွင် ထုတ်ပြန်သည့် ဆောင်းပါးအရ သိရသည်။
ပေကျင်း၊ ဩဂုတ် ၁၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် COVID-19 ကာကွယ်ဆေးများ ပိုမိုရရှိရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ကမ္ဘာသို့ ကာကွယ်ဆေး သန်း ၇၇၀ ကျော်နှင့် ပံ့ပိုးကူညီမှုများ ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။ တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် နိုင်ငံတကာအသိုင်းအဝိုင်းအား ကာကွယ်ဆေး ပေးအပ်မှုအရ ပထမအဆင့်တွင် ရပ်တည်လျက်ရှိသည်။...
ကျိန့်ကျိုး၊ ဩဂုတ် ၁၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအလယ်ပိုင်း ဟဲနန်ပြည်နယ်တွင် သက်တမ်းအားဖြင့် လွန်ခဲ့သော နှစ်ပေါင်း ၂,၅၀၀ခန့်က တည်ရှိခဲ့သည့် ကမ္ဘာ့ရှေးအကျဆုံး ဒင်္ဂါးသွန်းအလုပ်ရုံ နေရာကို တူးဖော်တွေ့ရှိခဲ့ကြောင်း သိရသည်။ ရေဒီယိုကာဘွန်နည်းပညာအသုံးပြု၍ တရုတ်နိုင်ငံ ရှေးဟောင်းသုတေသနပညာရှင်များက ဟဲနန်ပြည်နယ် မြို့တော် ကျိန့်ကျိုး(Zhengzhou) အနောက်ဘက်ပိုင်း Xingyang မြို့ရှိ Guanzhuang...
ချန်ရှား၊ ဩဂုတ် ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အလယ်ပိုင်း ဟူနန်ပြည်နယ်ရှိ နာမည်ကျော် ခရီးသွားဧည့်သည်များ လာရောက်သည့် ကျန်းကျားကျဲ့မြို့တွင် COVID-19 ရောဂါအစုလိုက်ကူးစက်မှုကို ဖြတ်တောက်ရန် အားလုံးလွှမ်းခြုံသော nucleic acid စစ်ဆေးမှု ဒုတိယအကျော့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ယင်းမြို့ရှိ ဒေသခံများအားလုံးကို လွှမ်းခြုံထားသော လူအများအပြား...
ကူမင်း၊ ဩဂုတ် ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်၌ လှည့်လည်သွားလာနေကြသော အာရှတောဆင်ရိုင်းအုပ်သည် ၎င်းတို့၏ မူလနေရာသို့ ချဉ်းနင်းဝင်ရောက်နေပြီဖြစ်ကြောင်း သိရသည်။
ပေကျင်း၊ ဩဂုတ် ၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ အင်္ဂါဂြိုဟ်ပေါ်သွားယာဉ် Zhurong သည် ဩဂုတ် ၆ ရက်အထိ ဂြိုဟ်နီကြီး (အင်္ဂါဂြိုဟ်) မျက်နှာပြင်ပေါ်တွင် မီတာ ၈၀၀ ကျော် ခရီးနှင်လျက်ရှိကြောင်း တရုတ် အမျိုးသား အာကာသစီမံခန့်ခွဲမှုဦးစီးဌာန၏ လကမ္ဘာ စူးစမ်းလေ့လာရေးနှင့် အာကာသအစီအစဉ်စင်တာအရ သိရသည်။...
အက်တာနာ၊ ဩဂုတ် ၆ ရက်(ဆင်ဟွာ) China Three Gorges Corporation(CTG)လက်အောက်ရှိ China International Water & Electric Corp. (CWE)မှ တာဝန်ယူတည်ဆောက်ပေးသည့် ကာဇက်စတန်နိုင်ငံ Turguson ရေအားလျှပ်စစ်စက်ရုံသည် ပြီးခဲ့သည့်ရက်က ယူနစ်အားလုံး လျှပ်စစ်ဓါတ်အား ထုတ်လွှတ်ပေးနိုင်ပြီဖြစ်ကြောင်း သိရသည်။
ပေကျင်း ၊ ဩဂုတ် ၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသည် ယခုနှစ်အတွင်း တစ်ကမ္ဘာလုံးသို့ COVID-19 ကာကွယ်ဆေး အရေအတွက် ၂ ဘီလီယံ ပေးပို့ထောက်ပံ့သွားမည်ဖြစ်ကြောင်း နှင့် COVAX အစီအစဉ်အတွက် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ပေးအပ်ထည့်ဝင်သွားမည်ဖြစ်ကြောင်း COVID-19 ကာကွယ်ဆေး ပူးပေါင်းဆောင်ရွက်မှု နိုင်ငံတကာဖိုရမ်၏ ပထမအကြိမ်အစည်းအဝေးသို့...
ဝူဟန့်၊ ဩဂုတ် ၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဝူဟန့်တွင် ဩဂုတ် ၄ ရက်က အဓိကလူအုပ်စုရှိရာ နေရာနှင့် အဓိကဒေသများ၏ Nucleic acidစစ်ဆေးမှုများ ပြီးဆုံးခဲ့ရာ ဩဂုတ် ၆ ရက်မတိုင်မီ တစ်မြို့လုံးလွှမ်းခြုံ Nucleic acidစစ်ဆေးမှုများ ပြုလုပ်ပြီးဖြစ်ကြောင်း ဝူဟန့်မြို့ ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း သတင်းစာရှင်းလင်းပွဲ...
ဒူဘိုင်း၊ ဩဂုတ် ၅ ရက် (ဆင်ဟွာ) အာရပ်စော်ဘွားများပြည်ထောင်စု (UAE) ကျန်းမာရေးနှင့် ရောဂါကာကွယ်ရေးဝန်ကြီးဌာနက တရုတ်နိုင်ငံ Sinopharm COVID-19 ကာကွယ်ဆေးကို အသက် ၃ နှစ်နှင့် ၁၇ နှစ်အရွယ် ကလေးများအတွက် အသုံးပြုရန် ခွင့်ပြုခဲ့ကြောင်း သိရသည်။