Connect with us

Media

တရုတ်-ဂျပန်-တောင်ကိုရီးယားက လွတ်လပ်သောကိုယ်ပိုင်ရပ်တည်မှု၊ စည်းလုံးညီညွတ်မှု၊ ကိုယ်တိုင် တိုးတက်မှုရှိအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ဝမ်ရိ ပြောကြား

ချင်းသောင်၊ ဇူလိုင် ၅ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ ဗဟို နိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိသည် ဇူလိုင် ၃ ရက်က ချင်းသောင်မြို့၌ ကျင်းပသော ၂၀၂၃ ခုနှစ် တရုတ်-ဂျပန်-တောင်ကိုရီးယား သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နိုင်ငံတကာဆွေးနွေးပွဲဖိုရမ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် အမှာစကား ပြောကြားခဲ့သည်။

အခမ်းအနားတွင် ဝမ်ရိက မိမိတို့သည် လွတ်လပ်သောကိုယ်ပိုင်ရပ်တည်မှု၊ စည်းလုံးညီညွတ်မှု၊ ကိုယ်တိုင် တိုးတက်မှုရှိအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ လွတ်လပ်၍ကိုယ်ပိုင်ရပ်တည်မှုရှိသော နိုင်ငံမှသာ ပို၍ကိုယ်ပိုင်ဆောင်ရွက်နိုင်မည် ဖြစ်ပြီး နိုင်ငံတကာ၏လေးစားမှုကို ရရှိမည် ဖြစ်သလို စည်းလုံးညီညွတ်မှုနှင့်ကိုယ်တိုင် တိုးတက်မှုရှိသော ဒေသမှသာ ပြင်ပအနှောင့်အယှက်များကို ဖယ်ရှားကာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်နိုင်မည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် လွတ်လပ်၍ကိုယ်ပိုင်ရပ်တည်မှုရှိသည့် ငြိမ်းချမ်းသော နိုင်ငံခြားရေးမူဝါဒကို ဆက်လက်ခိုင်မာစွာ ဆောင်ရွက်မည် ဖြစ်ရာ ဖြစ်ရပ်၏အမှားအမှန်အခြေအနေအရ ကိုယ်ပိုင် ဆုံးဖြတ်မှုများ အစဉ် ပြုလုပ်သွားမည် ဖြစ်သလို ဂျပန်-တောင်ကိုရီးယားအပါအဝင် ဒေသတွင်းနိုင်ငံများ အစဉ်အမြဲသင့်မြတ်စွာနေထိုင်၍ အတူတိုးတက်ဖွံ့ဖြိုးအောင် အားထား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ဂျပန်၊ တောင်ကိုရီးယားနှင့်ကမ္ဘာ့နိုင်ငံအသီးသီး၏ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကို လေးစားသော်လည်း မည်သို့သောဆက်ဆံရေးကမျှ အနီးရှိ အိမ်နီးချင်းနိုင်ငံကို တားဆီးခြင်း၊ ပိတ်ဆို့ခြင်း ပြု၍မရကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။ (Xinhua)

………………………………….

(Chinese News)

王毅:中日韩要坚持独立自主,团结自强
新华社青岛7月3日电7月3日,中共中央政治局委员、中央外办主任王毅在青岛出席2023年中日韩合作国际论坛开幕式并致辞。
王毅指出,我们要坚持独立自主,团结自强。事实证明,只有独立自主的国家,才能把握更多主动,赢得国际尊重。只有团结自强的地区,才能排除外部干扰,实现持续发展。
中方将继续坚持独立自主的和平外交政策,始终根据事情本身的是非曲直作出自己的判断,始终致力于与包括日韩在内的地区国家和睦相处,共同振兴。中方尊重日韩同世界各国发展关系,但任何关系都不能用于遏制甚至围堵身边的近邻。