ရောမ၊ မတ် ၁၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ကပ်ရောဂါတိုက်ဖျက်ရေး ဆေးဘက်ဆိုင်ရာ ပညာရှင်အဖွဲ့သည် မတ် ၁၄ ရက်တွင် အီတလီနိုင်ငံ ရောမမြို့ Lazzaro Spallanzani ဆေးရုံ၌ အီတလီနိုင်ငံ ဆရာဝန်များအား COVID-19 ရောဂါ ကုသရေးဆိုင်ရာ တရုတ်နိုင်ငံ၏ နည်းလမ်းများကို မျှဝေဖလှယ်ခဲ့ကြောင်း သိရသည်။
ဝူဟန့်၊ မတ် ၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ကျန်းဆူးပြည်နယ် ပြည်သူ့ဆေးရုံကြီးမှ သူနာပြုဆရာမလေး လီချန်သည် ကျန်းဆူး ပြည်နယ် အမျိုးသား ကျန်းမာရေး ကူညီကယ်ဆယ်မှု အဖွဲ့၏အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ဖေဖော်ဝါရီ ၄ ရက်တွင် အဖွဲ့နှင့်အတူ နန်ကျင်းမြို့မှ ဝူဟန့်မြို့ အားကစားခန်းမ ဖောင်းချန်းဆေးရုံကြီးသို့ သွားရောက်တာဝန်ထမ်းဆောင်ခဲ့သည်။