Connect with us

CHINA

COVID-19 တိုက်ဖျက်ရေးတွင် အောင်ပွဲနှင့်အတူပြန်လာကြမည့် ဆေးဝန်ထမ်း သူရဲကောင်းများအတွက် ချစ်ချင်းမေတ္တာခွန်အားများဖြင့် စောင့်ကြိုနေကြသော မိသားစုဝင်များ

တရုတ်နိုင်ငံ ကျန်းဆူးပြည်နယ် ပြည်သူ့ဆေးရုံကြီးမှ သူနာပြုဆရာမလေး လီချန်နှင့် ၎င်း၏မိသားစုဝင်များအား တွေ့ရစဉ်(ဆင်ဟွာ)

ဝူဟန့်၊ မတ် ၈ ရက်(ဆင်ဟွာ) 

တရုတ်နိုင်ငံ ကျန်းဆူးပြည်နယ် ပြည်သူ့ဆေးရုံကြီးမှ သူနာပြုဆရာမလေး လီချန်သည် ကျန်းဆူး ပြည်နယ် အမျိုးသား ကျန်းမာရေး ကူညီကယ်ဆယ်မှု အဖွဲ့၏အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ဖေဖော်ဝါရီ ၄ ရက်တွင် အဖွဲ့နှင့်အတူ နန်ကျင်းမြို့မှ ဝူဟန့်မြို့ အားကစားခန်းမ ဖောင်းချန်းဆေးရုံကြီးသို့ သွားရောက်တာဝန်ထမ်းဆောင်ခဲ့သည်။ 

လီချန်၏ အမျိုးသား ဆွန်းစန့်ကျွင်းသည် တပ်မတော်တွင် ၁၈ နှစ် ကြာတာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ရာ  COVID-19 တိုက်ဖျက်ရေး ရှေ့တန်းတာဝန်ကို ထမ်းဆောင်မည့် ဇနီးသည်အတွက် စိုးရိမ်စိတ်ပူမိသော်လည်း ၎င်း၏ ရဲဝံ့စွန့်စားရွေးချယ်မှုအပေါ် အားပေးကြောင်း ဆိုသည်။ ဆွန်းစန့်ကျွင်းက ဇနီးသည်ထံ ရေးသားပေးပို့ထားသော စာထဲတွင်တော့  “မင်း ရှေ့တန်းကနေ ဒို့ အားလုံးကို ကာကွယ်စောင့်ရှောက်ပေးပါ။ ငါတို့မိသားစုလေးအတွက် မင်းနောက်ဆံမတင်းဘဲ စိတ်ချရအောင် ငါ ကာကွယ်စောင့်ရှောက်ထားပါ့မယ်။ နွေဦးနှစ်ကူးပွဲတော်တွင် အချိန်ပြည့်အတူ မနေပေးနိုင်ခဲ့ဘူး၊ ချစ်သူများနေ့မှာ လစ်လပ်နေခဲ့တယ်။  မိသားစုတွေ စုံညီပျော်ရွှင်ကြမဲ့ ယွန်ရှောင်းပွဲမှာလည်း မဆုံစည်းနိုင်ကြဘူး။ဒါပေမဲ့ မင်းစိတ်ချပါ၊ သမီးလေး လမ်းကောင်းကောင်း လျှောက်တတ်ပြီ ။မင်းပြန်လာရင် အပြေးလေးမင်းကို ဆီးကြိုနိုင်ပြီ။ သားလေး ကလည်း လိမ္မာရေးခြား သိတတ်လှတယ် ၊ ကျောင်းစာတွေအတွက် စိတ်မပူပါနဲ့။ ရွှန်ဝူရေကန်က ပန်းတွေလည်း လှိုင်လှိုင်ပွင့်နေပြီ မင်း ရောဂါတိုက်ဖျက်ရေးရှေ့တန်းက အနိုင်ရ ပြန်လာရင် ဒို့မိသားစုတွေ အတူ ဆုံစည်းပြီး သားတွေသမီးတွေနဲ့အတူ ကန်ဘောင်နံဘေးမှာ လက်တွဲ လမ်းလျှောက်ဖို့ စောင့်စားနေမယ်။”ဟု ရေးသားထားသည်။ 

တရုတ်နိုင်ငံ ကျန်းဆူးပြည်နယ် ပြည်သူ့ဆေးရုံကြီးမှ သူနာပြုဆရာမလေး လီချန်နှင့် ၎င်း၏မိသားစုဝင်များအား တွေ့ရစဉ်(ဆင်ဟွာ)

အားပေးနားလည်မှုပေးခဲ့သည့် မိသားစုဝင်များ၏ စာတစ်စောင်က လီချန်အတွက် အားဆေးတစ်ခွက်ပင် ဖြစ်သည်။COVID-19ရောဂါတိုက်ဖျက်ရေးတိုက်ပွဲတွင် လီချန်ကဲ့သို့သော ရှေ့တန်းရောက် ကျန်းမာရေးဝန်ထမ်း သူရဲကောင်းများ များစွာရှိသည်။ သူတို့သည် မိဘ၊ သားသမီး၊ မိသားစု၊ ချစ်ခင် နှစ်သက်သူများ ကို ခွဲခွါကာ အဖြူရောင်အင်္ကျီကို ဝတ်ဆင်ပြီး ရှေ့တန်းတွင် ရောဂါပိုးမွှားအန္တရာယ်နှင့် စီးချင်းထိုး တိုက်ပွဲဝင်နေကြသည့်အခါ နောက်ကွယ်မှ တိတ်တဆိတ် အားပေးကြသည့် မိသားစုဝင်များသည် သူတို့အတွက်တော့ စိတ်ဓါတ်ခွန်အားပင်ဖြစ်ပါတော့သည်။  (Xinhua)