တောင်ကိုရီးယားနိုင်ငံ၏ အာဏာရပါတီနှင့် အတိုက်အခံပါတီများသည် သမ္မတ ယွန်းဆက်ယိုအား စွပ်စွဲပြစ်တင်သည့် အမှုအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး တရားသူကြီးအသစ်များ ခန့်အပ်ရေးနှင့် ပတ်သက်၍ ဒီဇင်ဘာ ၁၇ ရက်၌ သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့ကာ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး တရားသူကြီး ၉ ဦး ရှိသည့်အနက် ၃ ဦးအား ခန့်အပ်ရခြင်းမရှိသေးကြောင်း သိရသည်။ (Xinhua)...
တောင်ကိုရီးယားနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးအနေဖြင့် သမ္မတ ယွန်းဆက်ယိုအား စစ်အုပ်ချုပ်ရေး ကြေညာမှုနှင့်ပတ်သက်၍ စွပ်စွဲပြစ်တင်သော လွှတ်တော်၏ ဆုံးဖြတ်ချက်အပေါ် အလေးအနက်သုံးသပ်သည့် လုပ်ငန်းစဉ်အား ဒီဇင်ဘာ ၁၄ ရက်က စတင်ခဲ့သည်ဟု တောင်ကိုရီးယား သတင်းဌာန ယွန်ဟပ်က ဖော်ပြခဲ့သည်။ (Xinhua) သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/ZBq ………………………....
တောင်ကိုရီးယားနိုင်ငံတွင် သမ္မတ ယွန်းဆက်ယိုအား စွပ်စွဲပြစ်တင်နိုင်ရန် သတ်မှတ်ထားသည့် ဆန္ဒမဲ သုံးပုံနှစ်ပုံ ပြည့်မီခဲ့ရာ ထောက်ခံမဲ ၂၀၄ မဲဖြင့် လွှတ်တော်က ဒီဇင်ဘာ ၁၄ ရက်၌ အဆိုပါ စွပ်စွဲပြစ်တင်မှုအဆိုကို အတည်ပြုလိုက်ကြောင်း သိရသည်။ လွန်ခဲ့သော သီတင်းပတ်နှစ်ပတ်တာအတွင်း တောင်ကိုရီးယားနိုင်ငံ၌ဖြစ်ပွါးခဲ့သော နိုင်ငံရေး ဖရိုဖရဲဖြစ်စဉ်အခြေအနေများကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။...
သမ္မတ ယွန်းဆက်ယို၏ စစ်အုပ်ချုပ်ရေး ကြေညာခဲ့မှုအပေါ် ဒီဇင်ဘာ ၇ ရက်တွင် တောင်ကိုရီးယား လွှတ်တော်၌ ပထမအကြိမ် စွပ်စွဲပြစ်တင်မှု အထမမြောက်ခဲ့ပြီးနောက် ဒီဇင်ဘာ ၁၃ ရက်တွင် ဒုတိယအကြိမ် စွပ်စွဲပြစ်တင်မှုအဆို တင်သွင်းခဲ့ကြောင်း သိရသည်။ (Xinhua) သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/ZyH ………………… (English...
ဆိုးလ်၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ) ဒီဇင်ဘာ ၃ ရက်တွင် အရေးပေါ် စစ်အုပ်ချုပ်ရေး ဖော်ဆောင်ရခြင်းအပေါ် ရှင်းလင်းပြောကြားရန် တောင်ကိုရီးယားနိုင်ငံ သမ္မတ ယွန်းဆက်ယိုက ဒီဇင်ဘာ ၁၂ ရက် နံနက်ပိုင်းတွင် ရုပ်မြင်သံကြားမှတစ်ဆင့် ပြည်သူများအား မိန့်ခွန်းပြောကြားခဲ့သည်။ အတိုက်အခံပါတီ၏ လုပ်ရပ်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ကျင့်သုံးမှုကို...
တောင်ကိုရီးယား သမ္မတ ယွန်းဆက်ယို၏ စစ်အုပ်ချုပ်ရေး ကြေညာမှုနှင့် ဆက်နွှယ်နေသည့် ပုန်ကန်မှု စွဲချက်များဖြင့် ကာကွယ်ရေးဝန်ကြီးဟောင်း ကင်ယုံဟွန်းအား ဒီဇင်ဘာ ၁၁ ရက်တွင် တရားဝင် ဖမ်းဆီးလိုက်ကြောင်း သိရသည်။ (Xinhua) သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/Zu3 …………………….. (English Version) S. Korean...
တောင်ကိုရီးယား သမ္မတ ယွန်းဆက်ယို၏ စစ်အုပ်ချုပ်ရေး ကြေညာမှုအပေါ် စုံစမ်းစစ်ဆေးမှု ပြုလုပ်နေစဥ် ရဲချုပ် အပါအဝင် အဓိကကျသော ရဲဘက်နှင့် စစ်ဘက်ဆိုင်ရာအရာရှိ ငါးဦးအား နိုင်ငံထဲမှ ထွက်ခွာခွင့် ပိတ်ပင်လိုက်ကြောင်း သိရသည်။ (Xinhua) သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/ZtE ……………………….. (English Version) S....
တောင်ကိုရီးယားနိုင်ငံ၏ အဆင့်မြင့် အရာရှိကြီးများ အဂတိလိုက်စားမှု စုံစမ်းစစ်ဆေးရေးရုံးက သမ္မတ ယွန်းဆက်ယိုအား ပြည်ပသို့ ခရီးထွက်ခွင့်ပိတ်ပင်ရန် ညွှန်ကြားထားသည်ဟု တောင်ကိုရီးယား သတင်းဌာန ယွန်ဟပ်က ဒီဇင်ဘာ ၉ ရက်၌ ဖော်ပြခဲ့သည်။ (Xinhua) …………………………. (English Version) S. Korean authorities order travel...
တောင်ကိုရီးယားနိုင်ငံ၏ အာဏာရ ပြည်သူ့အင်အားပါတီမှ လွှတ်တော်အမတ်များက ထောက်ခံခြင်းမရှိသည့်အတွက် ဒီဇင်ဘာ ၇ ရက်က သမ္မတ ယွန်းဆက်ယိုအား တောင်ကိုရီးယား လွှတ်တော်၌ စွပ်စွဲပြစ်တင်သည့်အဆိုကို အတည်ပြုနိုင်ခဲ့ခြင်းမရှိပေ။ သမ္မတယွန်း၏ ဇနီး ပါဝင်ပတ်သက်နေသော အရှုပ်တော်ပုံများအား စုံစမ်းစစ်ဆေးမည့် အဆိုမူကြမ်းအား ကန့်ကွက်မဲပေးပြီးနောက် အာဏာရပါတီ လွှတ်တော်အမတ် ၁၀၈ ဦးအနက် အများစုသည်...
ဆိုးလ်၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ) တောင်ကိုရီးယား အတိုက်အခံပါတီများက အရေးပေါ် စစ်အုပ်ချုပ်ရေး အမိန့် ကြေညာခြင်းနှင့် ပတ်သက်၍ သမ္မတ ယွန်းဆက်ယိုအား စွပ်စွဲပြစ်တင်သည့်အဆို တင်သွင်းမှုကို ဒီဇင်ဘာ ၅ ရက် အစောပိုင်းတွင် စတင်ဆောင်ရွက်ခဲ့ကြောင်း ဒေသတွင်းရုပ်မြင်သံကြား ရုပ်သံများ၌ ထုတ်လွှင့်ဖော်ပြခဲ့သည်။ (Xinhua) ………………………...