ဝါရှင်တန် ၊ နိုဝင်ဘာ ၄ ရက်(ဆင်ဟွာ) ဘာသာပြန်/ကိုငယ်
ဝါရှင်တန် ၊ နိုဝင်ဘာ ၄ ရက်(ဆင်ဟွာ) ဘာသာပြန်/ကိုငယ်
ဝါရှင်တန်၊ အောက်တိုဘာ ၂၂ ရက်(ဆင်ဟွာ) အမေရိကန် ရီပတ်ဘလီကန်ပါတီ မှ ဆီးနိုတ်အောက်လွှတ်တော်အမတ် မစ်ရွမ်းနီ( Mitt Romney) သည် သမ္မတရွေးကောက်ပွဲတွင် လက်ရှိသမ္မတဒေါ်နယ်ထရမ့်အား မဲပေးခဲ့ခြင်းမရှိကြောင်း အမေရိကန်သတင်းမီဒီယာက အောက်တိုဘာ ၂၁ ရက်တွင် ဖော်ပြခဲ့သည်။
ဝါရှင်တန်၊ အောက်တိုဘာ ၁၂ ရက်(ဆင်ဟွာ) ဆေးဘက်ဆိုင်ရာသုတေသနပြုချက်အရ ဗိုင်းရပ်စ်သည် တစ်ဖန်ပြန်လည် ကူးစက်မှု ဖြစ်ပေါ်နိုင်ကြောင်း အကြံပြုထားစဉ်အတွင်းမှာပင် အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်က ၎င်းအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်အား ယခုအခါ“ ခံနိုင်ရည်” ရှိသွားပြီဖြစ်ကြောင်း အောက်တိုဘာ ၁၁ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
ဝါရှင်တန် ၊ အောက်တိုဘာ ၁၁ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်က COVID-19 ရောဂါအတွက် ဆေးရုံတက်ရောက်ကုသမှုခံယူခဲ့ရာမှ သမ္မတ အိမ်ဖြူတော်သို့ ပြန်လည်ရောက်ရှိပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အများပြည်သူရှေ့သို့ အောက်တိုဘာ ၁၀ ရက်က ထွက်လာခဲ့ကြောင်း သိရသည်။
ဝါရှင်တန် ၊ အောက်တိုဘာ ၇ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်၏ အကြီးတန်းအကြံပေး တစ်ဦးဖြစ်သူ Stephen Miller သည် COVID-19 ရောဂါကူးစက်ခံရကြောင်း စမ်းသပ်တွေ့ရှိထားသည်ဟု အိမ်ဖြူတော်က အောက်တိုဘာ ၆ ရက်တွင် တရားဝင်သတင်းထုတ်ပြန်ခဲ့သည်။
ဝါရှင်တန် ၊ အောက်တိုဘာ ၆ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတဒေါ်နယ်ထရမ့်သည် COVID-19 ရောဂါမှ ပြန်လည်သက်သာကောင်းမွန်လာ၍ တနင်္လာနေ့ ညနေပိုင်းတွင် ဆေးရုံမှ ပြန်ဆင်းခွင့် ရသွားပြီဖြစ်သော်လည်း ၎င်းအားကုသပေးခဲ့သည့် ဆရာဝန်များအနက်တစ်ဦးက “လုံးဝစိတ်ချရသော အနေအထားမဟုတ်သေးကြောင်း” ထုတ်ဖော်ပြောကြားခဲ့သည်။
ဝါရှင်တန် ၊ ဩဂုတ် ၁၆ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်၏ ညီငယ်ဆုံး ဖြစ်သူ ရောဘတ်ထရမ့်(Robert Trump) သည် ဩဂုတ် ၁၅ ရက် ညပိုင်းက ကွယ်လွန်သွားကြောင်း နှင့် ကွယ်လွန်ချိန်တွင် အသက် ၇၁ နှစ်အရွယ်ရှိကြောင်း သမ္မတအိမ်ဖြူတော်က ထုတ်ပြန်ကြေညာခဲ့သည်။
ဝါရှင်တန် ၊ ဇူလိုင် ၂၈ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်၏ COVID-19 ကပ်ရောဂါ ကိုင်တွယ်ပုံအပေါ် ပြည်သူများက စိတ်ပျက်လျက်ရှိပြီး မကြာသေးမီက ကောက်ယူခဲ့သော စစ်တမ်းတစ်ခုတွင် လူထု ထောက်ခံမှု အနိုမ့်ဆုံးအဆင့်သစ်တစ်ခုသို့ ကျဆင်းနေခြင်းနှင့်အတူ နိုင်ငံအနေဖြင့် မှားယွင်းသော လမ်းကြောင်းဆီသို့ ဦးတည်သွားနေကြောင်း ယင်းစစ်တမ်းဖြေဆိုသူအများစုက ယုံကြည်နေကြသည်။
ဝါရှင်တန် ၊ ဇူလိုင် ၂၂ ရက်(ဆင်ဟွာ) အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အမေရိကန်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါသည် “ ပြန်မကောင်းလာမီ ၊ ပိုဆိုးနိုင်ဖွယ်ရှိ” ဟု ဇူလိုင် ၂၁ ရက် မွန်းလွဲပိုင်းတွင် ထုတ်ဖော် ပြောကြားခဲ့သည်။