ကိုင်ရို၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ) ကိုင်ရိုမြို့ရာဇဝတ်မှုဆိုင်ရာ တရားရုံးက အီဂျစ်နိုင်ငံ သမ္မတဟောင်း မိုဟာမက်မော်စီ နှင့် မွတ်စလင်ညီနောင်အဖွဲ့ဝင် များစွာအား ထောင်ဖောက်ရန် ကြံစည်မှုစွဲချက်များအတွက် ပြန်လည်တရားစီရင်မည့်နေ့ကို ဇူလိုင် ၂၀ ရက်သို့ ရွှေ့ဆိုင်းရန် ဇူလိုင် ၁၅ ရက်က ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
ဂါ့ဇ်နီ၊ အာဖဂန်နစ္စတန်၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ) တာလီဘန် စစ်သွေးကြွများသည် အာဖဂန်နစ္စတန် အရှေ့ပိုင်း ဂါ့ဇ်နီဒေသရှိ အကျဉ်းထောင် တစ်ခုအား တနင်္လာနေ့ နံနက် အစောပိုင်းက တိုက်ခိုက်ခဲ့ သဖြင့် အကျဉ်းသား ၃၅၀ ကျော်ထွက်ပြေး လွတ်မြောက်သွားကြောင်း တာဝန်ရှိသူများက ပြောကြား လိုက်ပါသည်။