Asia3 years ago
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာတက္ကသိုလ်ရှိ အဆောင်များ ပြန်လည်ဖွင့်လှစ်
ဒါကာ၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ) ဆရာ၊ ဆရာမများ၊ ကျောင်းသူ၊ ကျောင်းသားများ၊ တာဝန်ရှိသူများနှင့် ဝန်ထမ်းများအား တရုတ်နိုင်ငံထုတ် Sinopharm COVID-19 ကာကွယ်ဆေးများဖြင့် အထူးကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ် ဆောင်ရွက်ပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ထိပ်တန်းဦးဆောင်တက္ကသိုလ်ဖြစ်သော ဒါကာတက္ကသိုလ်တွင် နောက်ဆုံးနှစ်ကျောင်းသားများနှင့် မဟာတန်းကျောင်းသားများအတွက် အဆောင်များ ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။