China3 hours ago
ဟောင်ကောင်တွင် မပေါက်ကွဲသေးသည့် ဒုတိယကမ္ဘာစစ်လက်ကျန်ဗုံးကို စနက်တံဖြုတ်သိမ်း
ဟောင်ကောင်၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ) ဟောင်ကောင်ရဲတပ်ဖွဲ့သည် စက်တင်ဘာ ၂၀ ရက် နံနက်က အရှေ့ပိုင်းခရိုင်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခု၌ မပေါက်ကွဲသေးသော ဒုတိယကမ္ဘာစစ်လက်ကျန်ဗုံးတစ်လုံးကို စနက်တံဖြုတ်သိမ်းခဲ့ရကြောင်း ရဲတပ်ဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင်ဖော်ပြခဲ့သည်။ ယခုအချိန်တွင် ဗုံးတွေ့ရှိရာနေရာနှင့် အနီးဝန်းကျင်နေရာများတွင် လုံးဝဘေးကင်းပြီဖြစ်ကြောင်းနှင့် ရွှေ့ပြောင်းထားသောနေထိုင်သူများ နေအိမ်ပြန်နိုင်ပြီဖြစ်ကြောင်းနှင့် ပိတ်ထားသောလမ်းများ ပြန်ဖွင့်လိုက်ပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့ကပြောဆိုခဲ့သည်။...