Asia11 hours ago
အိုကီနာဝါနှင့် နာဂါဆာကီ အုပ်ချုပ်ရေးမှူးများက နျူကလီးယားလက်နက်ကင်းစင်ရေး မူဝါဒသုံးရပ်အား ပြန်လည်ပြင်ဆင်ရန် ဂျပန်ဝန်ကြီးချုပ်၏ ကြိုးပမ်းမှုကို လက်သင့်မခံ
တိုကျို၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ) ဂျပန်ပြည်သူများအနေဖြင့် နျူကလီးယားလက်နက်ကင်းစင်ရေး မူဝါဒသုံးရပ်အား ပြန်လည်ပြင်ဆင်ခြင်းကိုလည်းကောင်း၊ နျူကလီးယားလက်နက်ဖျက်သိမ်းရေးအတွက် ဦးတည်ကြိုးပမ်းမှုများကို ဆန့်ကျင်သော လုပ်ရပ်မှန်သမျှကိုလည်းကောင်း လုံးဝလက်သင့်ခံမည်မဟုတ်ကြောင်း အိုကီနာဝါစီရင်စု အုပ်ချုပ်ရေးမှူး ဒန်နီ တာမာခိက နိုဝင်ဘာ ၁၇ ရက်၌ ပြောကြားခဲ့သည်ဟု ပြည်တွင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။