အာဒစ်အာဘာဘာ၊ နိုဝင်ဘာ ၄ ရက်(ဆင်ဟွာ) လက်ရှိ အီသီယိုးပီးယားနိုင်ငံ မြောက်ပိုင်းတွင် လုံခြုံရေးအခြေအနေ ရုတ်ခြည်းဆိုးဝါးလာမှုကြောင့် ယနေ့မှစ၍ တစ်နိုင်ငံလုံးအတိုင်းအတာအရ အရေးပေါ်အခြေအနေ ၆ လ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အီသီယိုးပီးယားအစိုးရက အောက်တိုဘာ ၂ ရက်နေ့တွင် ကြေညာခဲ့သည်။
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် က အမေရိကန်-မက္ကဆီကို နယ်စပ်တံတိုင်း တိုးချဲ့တည်ဆောက်ရန် နှင့် ၎င်း၏ မဲဆွယ်ကာလ ကတိကဝတ်အား ဖြည့်ဆည်းရန် နိုင်ငံတော်အရေးပေါ်အခြေအနေတစ်ရပ်ကို လက်မှတ်ရေးထိုးသွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၅ ရက်က ကြေညာခဲ့သည်။