Connect with us

North America

နယ်စပ်တံတိုင်းတည်ဆောက်ရေးအတွက် နိုင်ငံတော်အရေးပေါ်အခြေအနေအား ထရမ့်ကြေညာ

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်အားတွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် က အမေရိကန်-မက္ကဆီကို နယ်စပ်တံတိုင်း တိုးချဲ့တည်ဆောက်ရန် နှင့် ၎င်း၏ မဲဆွယ်ကာလ ကတိကဝတ်အား ဖြည့်ဆည်းရန် နိုင်ငံတော်အရေးပေါ်အခြေအနေတစ်ရပ်ကို လက်မှတ်ရေးထိုးသွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၅ ရက်က ကြေညာခဲ့သည်။

ထရမ့်က နိုင်ငံတော်အရေးပေါ်အခြေအနေတစ်ရပ်ကို လက်မှတ်ရေးထိုးသွားမည်ဖြစ်ကြောင်း သမ္မတအိမ်ဖြူတော်ရှိ နှင်းဆီဥယျာဉ်၌ပြောကြားခဲ့သည်။၎င်းက ယခုလိုပြုလုပ်ခြင်းသည် သင့်လျော်ကောင်းမွန်ပါကြောင်း အဘယ်ကြောင့်ဆိုသော် မူးယစ်ဆေးဝါးဆိုင်ရာ ကျူးကျော်မှု၊ ရာဇဝတ်ဂိုဏ်းများ၏ ကျူးကျော်မှု နှင့် လူများ၏ ကျူးကျော်မှုတို့ ရှိနေ၍ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းဆောင်ရွက်ချက်ကြောင့် အိမ်ဖြူတော် နှင့် လွှတ်တော်မှ ဒီမိုကရက်တစ်များ အကြား ၂လကြာ ထိပ်တိုက်ရင်ဆိုင်မှုတစ်ခု နှင့် စံချိန်တင်ခဲ့သော ၃၅ရက်တာ အစိုးရယန္တရား တစ်စိတ်တစ်ပိုင်းရပ်နားမှုအပြီး သမ္မတအနေဖြင့် ၎င်း ကာလရှည်စွာ အဆိုပြုခဲ့သည့် နယ်စပ်တံတိုင်းတည်ဆောက်ရေး ရန်ပုံငွေအတွက် ငွေကြေးရရှိရန် လွှတ်တော်ကို ကျော်ဖြတ်၍ အုပ်ချုပ်ရေးအာဏာကို အပြည့်အဝအသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.