နယူးဒေလီ၊ ဩဂုတ် ၁၂ ရက် (ဆင်ဟွာ) စစ်မက်ဖြစ်ပွားမှုဒဏ်ခံစားနေရသော အာဖဂန်နစ္စတန်နိုင်ငံတွင် အကြမ်းဖက်မှုများအရှိန် မြင့်တက်လာသဖြင့် အိန္ဒိယနိုင်ငံ အစိုးရက ၎င်းတို့နိုင်ငံသားများအား ယင်းနိုင်ငံမှ ချက်ချင်းထွက်ခွာရန် ဩဂုတ် ၁၀ ရက်က အကြံပြုထားကြောင်း သိရသည်။
ရန်ကုန် ၊ မတ် ၃၀ ရက်(ဆင်ဟွာ) နယ်စပ်ဂိတ်များမှ ပြန်လည်ဝင်ရောက် လာမည့်သူများအနေဖြင့် မြန်မာနိုင်ငံအတွင်းသို့ နောက်ထပ် ရက်သတ္တ(၂) ပတ်ခန့် စောင့်ဆိုင်းပြီး ဧပြီ ၁၅ ရက် နောက်ပိုင်းမှသာ ပြန်လည်ဝင်ရောက်ကြရန် ပန်ကြားချက်အား နိုင်ငံခြားရေးဝန်ကြီးဌာနမှ ယနေ့ ထုတ်ပြန်ခဲ့သည်။