မက်ဒရစ်၊ ဇွန် ၂၈ (ဆင်ဟွာ) ငြိမ်းချမ်းရေးအတွက် တောင်းဆိုရန်နှင့် ယခုသီတင်းပတ်တွင် ကျင်းပမည့် နေတိုးထိပ်သီးအစည်းအဝေးကို ဆန့်ကျင်ရန် မက်ဒရစ်မြို့တွင် ထောင်နှင့် ချီသည့် ဆန္ဒပြသူများက ဇွန် ၂၆ ရက်တွင် စုဝေးခဲ့ကြသည်။ (Xinhua) …………………………….. (English Version) Thousands of people demonstrate...
စတော့ဟုမ်း၊ ဇွန် ၁၄ ရက်(ဆင်ဟွာ) ဆွီဒင်နှင်ဖင်လန် နိုင်ငံများ၏ နေတိုးအဖွဲ့သို့ဝင်ရောက်ရန် လုပ်ငန်းစဉ်သည် ခန့်မှန်းထားသည်ထက် ရှုပ်ထွေးရာ အဖွဲ့ဝင်ဖြစ်ရေး အချိန်မသေချာသေးကြောင်း နေတိုးအထွေထွေအတွင်းရေးမှူးချုပ် Jens Stoltenbergက ဇွန် ၁၃ ရက် ဆွီဒင်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ မေ ၁၉ ရက် (ဆင်ဟွာ) ဖင်လန်နှင့် ဆွီဒင်တို့က မေ ၁၈ ရက်တွင် မြောက်အတ္တလန္တိတ် စာချုပ်ဝင်နိုင်ငံများအဖွဲ့သို့ ဝင်ရောက်ရန် တရားဝင်လျှောက်ထားခဲ့ကြောင်း သိရသည်။ယင်းနှစ်နိုင်ငံက ရေရှည်လက်ကိုင်ကျင့်သုံးခဲ့သည့် ကြားနေရပ်တည်မှုနှင့် စစ်ရေးမဟာမိတ်မဖွဲ့ခြင်းမူဝါဒကို စွန့်လွှတ်ခဲ့ရာ အနောက်မီဒီယာများက ၎င်းကို “ဆယ်စုနှစ်အတွင်း ဥရောပလုံခြုံရေးမူဘောင်၏ အကြီးမားဆုံး ပြောင်းလဲမှုထဲမှတစ်ခု” ဖြစ်ကြောင်း...
စတော့ဟုမ်း၊ မေ ၁၈ ရက်(ဆင်ဟွာ) မြောက်အတ္တလန္တိတ် သဘောတူစာချုပ်အဖွဲ့(NATO)တွင် ပါဝင်ရန် ဖင်လန်နှင့်ဆွီဒင်က ဆုံးဖြတ်သည့်အပေါ် ရုရှားသမ္မတ ပူတင်က ရုရှားနှင့် ဖင်လန်၊ ဆွီဒင်ကြားတွင် ပြဿနာမရှိခြင်းကြောင့် နေတိုးအဖွဲ့သို့ ၎င်းတို့ ပါဝင်ခြင်းက ရုရှားအတွက် တိုက်ရိုက်ခြိမ်းခြောက်မှုမဖြစ်စေကြောင်း၊ သို့သော်လည်း နေတိုးစစ်ရေးအခြေခံအဆောက်အအုံများ ယင်းနှစ်နိုင်ငံသို့ တိုးချဲ့လာမှုကို ရုရှားက တုန့်ပြန်မည်ဖြစ်ကြောင်း...
မော်စကို ၊ မေ ၁၇ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံဗလာတီမာပူတင်က အကယ်၍ မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့(နေတိုး) အဖွဲ့က ဖင်လန် သို့မဟုတ် ဆွီဒင်နိုင်ငံ၏ ပိုင်နက်နယ်မြေထဲ စစ်ဘက်ဆိုင်ရာအခြေခံအဆောက်အဦများတပ်စွဲချထားခဲ့မည်ဆိုပါက ရုရှားနိုင်ငံအနေဖြင့် လက်တုံ့ပြန် သွားမည်ဖြစ်ကြောင်း မေ ၁၆ ရက်တွင် ပြောကြားခဲ့သည်။
မော်စကို/ဟယ်လ်ဆင်းကီး ၊ မေ ၁၅ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင်သည် ဖင်လန်နိုင်ငံသမ္မတ Sauli Niinisto နှင့် မေ ၁၄ ရက်တွင် ဖုန်းဆက်သွယ်ဆွေးနွေးခဲ့ပြီး ဖင်လန်နိုင်ငံ၏ မြောက်အတ္တလန္တိတ်မဟာမိတ်စာချုပ်အဖွဲ့(နေတိုး) အဖွဲ့ထဲဝင်ရောက်ရေးနှင့်ပတ်သက်၍ ပြောဆိုဆွေးနွေးခဲ့ကြောင်း သိရသည်။
ပေကျင်း၊ မေ ၇ ရက် (ဆင်ဟွာ) တရုတ်ပြည်သူများအနေဖြင့် ၁၉၉၉ ခုနှစ်က ဘယ်လ်ဂိတ်မြို့ရှိ တရုတ်သံရုံးကို နေတိုး (NATO) အဖွဲ့၏ ရက်စက်သော ဗုံးကျဲတိုက်ခိုက်ခြင်းကို ဘယ်သောအခါမှ မေ့လျော့မည်မဟုတ်ကြောင်းနှင့် သမိုင်းဝင် ကြေကွဲဝမ်းနည်းမှုမျိုး ထပ်မံဖြစ်ပွားရန် ဘယ်သောအခါမှ ခွင့်ပြုမည်မဟုတ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကျောက်လိကျန်းက မေ...
မော်စကို၊ မေ ၆ ရက် (ဆင်ဟွာ) ရုရှားစစ်တပ်က Azovstal စက်ရုံမှ အရပ်သားများ ရွှေ့ပြောင်းရေးအတွက် လူသားချင်းစာနာထောက်ထားမှုစင်္ကြံတစ်ခုကို ဖွင့်လှစ်ပေးသွားမည်ဟု မေ ၄ ရက်တွင်ကြေညာခဲ့သည်။ ရုရှားနိုင်ငံကာကွယ်ရေးဝန်ကြီးက လက်နက်များတင်ဆောင်ထားသည့် နေတိုး (NATO) ၏ မည်သည့်ယာဉ်ကိုမဆို “တရားဝင်ဖျက်ဆီးရမည့်ပစ်မှတ်” အဖြစ် သတ်မှတ်ထားကြောင်းဆိုသည်။ ရုရှားနိုင်ငံ လူသားချင်းစာနာထောက်ထားမှု...
ဘရပ်ဆဲလ်၊ ဧပြီ ၁ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံရှိ ရုရှားတပ်ဖွဲ့သည် စစ်အင်အားများ ပြန်လည်နေရာချစုစည်းကာ ဒွန်ဘတ်စ် ဒေသသို့ အသစ်ထိုးစစ်ဆင်မှု ဆောင်ရွက်ရန် ပြင်ဆင်နေကြောင်း နေတိုးအဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ် Jens Stoltenberg က မတ် ၃၁ ရက်တွင် ပြောကြားခဲ့သည်။ ရုရှားနိုင်ငံသည် ကိဗ်အနီးနှင့် ယူကရိန်းမြောက်ပိုင်း...
ဘရပ်ဆဲလ်၊ မတ် ၂၄ ရက် (ဆင်ဟွာ) နေတိုးတပ်ဖွဲ့သည် ၎င်း၏ အရှေ့ဘက်ခြမ်းတွင် စစ်ဆင်ရေးတပ်ဖွဲ့ဝင်များ ထပ်တိုးဖြန့်ကျက်မှုများ သိသိသာသာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း နေတိုးအထွေထွေအတွင်းရေးမှူးချုပ် Jens Stoltenberg က ပြောကြားခဲ့ပြီး ယူကရိန်းအား နေတိုးအဖွဲ့သို့ ထည့်သွင်းရေးသည် “ဆွေးနွေးမှု အစီအစဉ်တွင် မပါကြောင်း” ထပ်လောင်းပြောကြားခဲ့သည်။