Connect with us

Europe

နေတိုးအဖွဲ့က ဖင်လန်နှင့် ဆွီဒင် အဖွဲ့ဝင်ဖြစ်ရေး သဘောတူညီချက်ကို တရားဝင် လက်မှတ်ရေးထိုး

ပေကျင်း၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ)

မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO) ၏ အဖွဲ့ဝင် ၃၀ နိုင်ငံက ဖင်လန်နှင့် ဆွီဒင် နေတိုးအဖွဲ့ဝင်ဖြစ်ရေး သဘောတူညီချက်ကို ဇူလိုင် ၅ ရက်က လက်မှတ်ရေးထိုးခဲ့ပြီး နေတိုးအဖွဲ့ “မြောက်ဘက်သို့ တိုးချဲ့မှု” ဆီသို့ ဆက်လက်ဦးတည်ခဲ့သည်။နေတိုးအဖွဲ့ဝင်နိုင်ငံအသီးသီးက သတ်မှတ်ထားသည့် လုပ်ငန်းစဉ်များအရ သဘောတူညီချက်ကို အတည်ပြုသွားမည်ဖြစ်သည်။ ယင်းလုပ်ငန်းစဉ်က ပုံမှန်အားဖြင့် တစ်နှစ်ခန့်ကြာမြင့်နိုင်မည်ဟု ရိုက်တာသတင်းဌာနက ဖော်ပြထားသည်။

အဖွဲ့ဝင်နိုင်ငံများက ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့ နေတိုးဌာနချုပ်တွင် ကျင်းပသော နေတိုးကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးသို့ ဇွန် ၁၆ ရက်က တက်ရောက်စဉ် (ဆင်ဟွာ)

သဘောတူညီချက် လက်မှတ်ရေးထိုးပြီးနောက် နေတိုး အထွေထွေအတွင်းရေးမှူးချုပ် Jens Stoltenberg ၊ နေတိုးအဖွဲ့ဝင်နိုင်ငံအသီးသီးမှ ကိုယ်စားလှယ်များနှင့် ဖင်လန်နှင့် ဆွီဒင် နိုင်ငံခြားရေးဝန်ကြီးများက စုပေါင်းဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။

သဘောတူညီချက်လက်မှတ်ရေးထိုးခြင်းက “သမိုင်းဝင်အခိုက်အတန့်” ဖြစ်ကြောင်း Stoltenberg က ပြောကြားခဲ့သည်။ နေတိုးအဖွဲ့ဝင်နိုင်ငံအသီးသီးတို့က သဘောတူညီချက် အတည်ပြုရေးလုပ်ငန်းစဉ်ကို စတင်နေပြီဖြစ်ကြောင်း ဆွီဒင်နိုင်ငံခြားရေးဝန်ကြီး Ann Linde က ဆိုရှယ်မီဒီယာတွင် ရေးသားခဲ့သည်။

ဂျော်ဂျီယာနိုင်ငံ Tbilisi အနီးရှိ Vajani စစ်အခြေစိုက်စခန်း၌ စစ်ရေးလေ့ကျင့်မှုပိတ်ပွဲအခမ်းအနား၌ ပါဝင်သော အမေရိကန်စစ်သားအား ၂၀၁၈ ခုနှစ် သြဂုတ် ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဖင်လန်နှင့် ဆွီဒင်တို့က သဘောတူညီချက် အတည်ပြုရေး လုပ်ငန်းစဉ်ပြီးဆုံးခြင်းမရှိသေးသော်လည်း သဘောတူညီချက် လက်မှတ်ရေးထိုးပြီးနောက် နေတိုးအဖွဲ့၏ အစည်းအဝေးအတွင်း ပါဝင်နိုင်ပြီး နေတိုး၏ သတင်းထောက်လှမ်းမှုများကို ပိုမိုရရှိနိုင်မည်ဖြစ်သည်။ သို့သော် နှစ်နိုင်ငံအနေဖြင့် လက်ရှိတွင် နေတိုးအဖွဲ့၏ စုပေါင်းကာကွယ်ရေး ယန္တရားအကာအကွယ်အောက်တွင် မရှိသေးကြောင်း သိရသည်။

သဘောတူညီချက်အတည်ပြုမှု နောက်ဆက်တွဲများနှင့် ပတ်သက်၍ နေတိုးအဖွဲ့ဝင်ဖြစ်သည့် တူရကီက သဘောထားပြောင်းလဲပြီး ဆွီဒင်နှင့် ဖင်လန် အဖွဲ့ဝင်ဖြစ်ရေးကို သ‌ဘောတူခဲ့သော်လည်း ၎င်း၏ သဘောတူညီချက် အတည်ပြုမှု အလားအလာမှာ မသေချာကြောင်း AP နှင့် အခြားမီဒီယာများက ဖော်ပြခဲ့သည်။

ဖင်လန်နှင့် ဆွီဒင်တို့က နေတိုးအဖွဲ့ဝင်ဖြစ်ရေးလျှောက်ထားချက်ကို မေ ၁၈ ရက်က တရားဝင်တင်ပြခဲ့ပြီး တူရကီက ယင်းအပေါ် အတိအလင်းကန့်ကွက်ကြောင်း ကြိမ်ဖန်များစွာ ထုတ်ဖော်ပြောကြားခဲ့သည်။ ထို့နောက် သုံးနိုင်ငံက ယင်းကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးမှုများအကြိမ်ကြိမ် ပြုလုပ်ခဲ့ပြီး ဇွန် ၂၈ ရက်တွင် ဖင်လန်နှင့် ဆွီဒင်တို့က ကာ့ဒ်လူမျိုးအလုပ်သမားပါတီ PKK နှင့် ၎င်း၏အဖွဲ့ခွဲများကို နှိမ်နင်းရာ၌ တူရကီနှင့် “ဘက်စုံပူးပေါင်းဆောင်ရွက်မှုများ” လုပ်ဆောင်သွားမည်ဟု ကတိပြုခဲ့ရာ နေတိုးအဖွဲ့သို့ဝင်ရောက်ရေးအပေါ် တူရကီက သဘောတူသည့် စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့သည်။

ဖင်လန်နှင့် ဆွီဒင်တို့က ၎င်းတို့ကို ကတိကဝတ်ကျေပွန်အောင် ဦးစွာလုပ်ဆောင်သင့်ကြောင်းနှင့် အကယ်၍ထိုသို့ဆောင်ရွက်ခြင်းမရှိပါက အဆိုပါ သဘောတူညီချက်ကို တူရကီလွှတ်တော်သို့ တင်ပြမည်မဟုတ်ကြောင်း တူရကီသမ္မတ အာဒိုဂန်က ဇွန် ၃၀ ရက်တွင် သတိပေးပြောကြားခဲ့သည်။

နေတိုးအဖွဲ့ ဖွဲ့စည်းပြီးချိန်မှစ၍ ၎င်းက အဖွဲ့ဝင်တိုးချဲ့ခြင်း စုစုပေါင်း ၈ ကြိမ်ပြုလုပ်ခဲ့ပြီး အဖွဲ့ဝင်နိုင်ငံပေါင်း ၃၀ အထိတိုးလာခဲ့သည်။ နေတိုးအဖွဲ့ ရှေ့သို့အဆက်မပြတ်တိုးချဲ့ခြင်းက ရုရှား၏ လုံခြုံရေးပတ်ဝန်းကျင်အပေါ် ဆက်လက်ဖိစီးမှုများဖြစ်ပေါ်စေပြီး အကယ်၍ နေတိုးအဖွဲ့၏ “မြောက်ပိုင်းတိုးချဲ့မှု”က မူလက ကြားနေမူဝါဒနှင့် စစ်ရေးအရ မဟာမိတ်ဖွဲ့စည်းခြင်း ဆန့်ကျင်မှု မူဝါဒကို ကာလကြာရှည်စွာ ကျင့်သုံးခဲ့သည့် ဖင်လန်နှင့် ဆွီဒင်အထိ ရောက်ရှိပါက ရုရှားပဋိပက္ခ ပိုမိုဆိုးဝါးစေမည်ဖြစ်သည်ဟု မီဒီယာများက ဖော်ပြထားသည်။
သဘောတူညီချက် လက်မှတ်မရေးထိုးမီ ဖင်လန်နိုင်ငံ အရှေ့တောင်ပိုင်းရှိ ရုရှားနှင့် နီးစပ်နေသည့် Lappeenranta မြို့တော်ဝန်က အဆိုပါမြို့၌ နေတိုးအခြေစိုက်စခန်းတစ်ခု ထူထောင်ရန် အဆိုပြုခဲ့ကြောင်း သိရသည်။

ရုရှား၏နယ်စပ်ဒေသ၌ နေတိုးအခြေစိုက်စခန်းဖြန့်ကျက်မှုအပေါ် ရုရှားအနေဖြင့် မည်သို့တုံ့ပြန်ကြောင်းနှင့် ပတ်သက်၍ သတင်းထောက်များ၏ မေးမြန်းမှုကို ဖြေကြားရာတွင် ရုရှား သမ္မတ၏ပြန်ကြားရေး အတွင်းဝန် Dmitry Peskov က ယင်းအပေါ် ရုရှားသမ္မတရုံး ကရင်မလင်နန်းတော်က ဆုံးဖြတ်သွားမည်မဟုတ်ဘဲ ရုရှားကာကွယ်ရေးဝန်ကြီးမှ ဆုံးဖြတ်ချက်ချသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဖင်လန်နှင့် ဆွီဒင် နေတိုးအဖွဲ့ဝင်ဖြစ်ရေးနှင့် ပတ်သက်၍ ရုရှားသမ္မတ ဗလာတီမာပူတင်က ယခင်ကတည်းက ခန့်မှန်းထားပြီးဖြစ်ကြောင်းနှင့် “ကျွန်တော်တို့မှာ သက်ဆိုင်ရာ အစီအစဉ်တွေရှိပါတယ်လို့ ကြိမ်ဖန်များစွာ ပြောခဲ့ပြီးပါပြီ၊ ကျွန်တော်တို့က မိမိလုံခြုံရေးအာမခံဖို့အတွက် ကြိုးပမ်းလုပ်ဆောင်နေပါတယ်”ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ (Xinhua)

————————-
(English Version)
北约签署芬兰、瑞典加入议定书
新华社北京7月6日电 北大西洋公约组织30个成员国5日签署芬兰和瑞典加入北约议定书,向北约正式“北扩”继续迈进。目前,俄罗斯方面会作何反应还不得而知。
按照程序,北约成员国将各自按程序对议定书予以审批。路透社报道,通常而言这一过程耗时大约一年。
议定书签署后,北约秘书长延斯·斯托尔滕贝格、北约各成员国代表及芬兰和瑞典外交部长集体合影,芬兰和瑞典外长手中各自举着已签署的议定书。
斯托尔滕贝格称签署议定书是“历史性时刻”。瑞典外交大臣安·林德在社交媒体写道,各个成员国批准议定书的程序已经启动。
尽管芬兰和瑞典仍未“走完程序”,但在议定书签署后已经可以参加北约会议、获取更多北约情报等。不过,两国目前还不受北约集体防卫机制保护。
围绕议定书后续审批,美联社等多家媒体报道,尽管北约成员国土耳其已经改变主意、同意瑞典和芬兰加入,但其批准议定书的前景仍充满不确定性。
芬兰和瑞典5月18日正式递交加入北约的申请,土耳其多次公开予以反对。三国随后就此多轮磋商,6月28日签署备忘录,确认土耳其同意支持芬兰和瑞典加入北约,后两者则承诺将在打击库尔德工人党及其分支方面与土方“全面合作”等。
不过,土耳其总统雷杰普·塔伊普·埃尔多安6月30日警告,芬兰和瑞典应首先兑现承诺,否则议定书将不会被送交至土耳其议会予以审批。
北约在成立后经过前后总共8次扩充,成员国增至30个。多家媒体报道,北约一再东扩不断压缩俄罗斯安全空间,如果“北扩”至芬兰和瑞典这两个原本中立、长期奉行军事不结盟政策的北欧国家,可能进一步加剧与俄罗斯冲突。
议定书签署前不久,芬兰东南部毗邻俄罗斯的拉彭兰塔市市长提议可在该市设立北约基地。
俄罗斯总统新闻秘书德米特里·佩斯科夫5日回答记者提问时说,关于俄方如何回应可能部署在与俄罗斯接壤地带的北约基地,这将由俄罗斯国防部作出决定,而不是总统府克里姆林宫。
他重申,俄总统弗拉基米尔·普京早已评估过芬兰和瑞典加入北约相关事项,“我们已经说过很多次,我们有相关计划,我们正在努力确保我们的安全”。(郑昊宁)
图说1- 5月17日,在瑞典斯德哥尔摩,瑞典首相安德松(右)和到访的芬兰总统尼尼斯托参加新闻发布会。新华社发(瑞典政府供图/宁尼·安德松摄)
图说2- 6月16日,与会人员在比利时布鲁塞尔的北约总部出席北约成员国国防部长会议。北约秘书长斯托尔滕贝格16日说,北约将在东翼前沿地区部署更多部队,以加强防御和实现快速增援。新华社记者郑焕松摄
图说3- 2018年8月15日,在格鲁吉亚第比利斯附近的瓦贾尼军事基地,美军士兵参加演习闭幕式。 新华社发(塔穆娜摄)