Culture & Entertainment4 years ago
ပခန်းကြီးမြို့ဟောင်းရှိ ရှေးဟောင်းအမွေအနှစ် သာသနိကအဆောက်အအုံများကို ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်
ရန်ကုန်၊ နိုဝင်ဘာ ၁၀ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ်ရှိ ပခန်းကြီးမြို့ဟောင်း အနီးတစ်ဝိုက်ရှိ ရှေးဟောင်းအမွေအနှစ် သာသနိကအဆောက်အအုံများကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (မကွေးဌာနခွဲ) ဒုတိယညွှန်ကြားရေးမှူးဦးမြင့်သိန်းက ဆိုသည်။