Connect with us

Culture & Entertainment

ပခန်းကြီးမြို့ဟောင်းရှိ ရှေးဟောင်းအမွေအနှစ် သာသနိကအဆောက်အအုံများကို ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်

ပခန်းကြီးမြို့ဟောင်း ရှိမြိုးရိုးအားတွေ့ရစဉ် (ဓာတ်ပုံ-- MOI)

ရန်ကုန်၊ နိုဝင်ဘာ ၁၀ ရက် (ဆင်ဟွာ)  ရေးသားသူ/အေးလပြည့်

မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ်ရှိ ပခန်းကြီးမြို့ဟောင်း အနီးတစ်ဝိုက်ရှိ ရှေးဟောင်းအမွေအနှစ် သာသနိကအဆောက်အအုံများကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (မကွေးဌာနခွဲ) ဒုတိယညွှန်ကြားရေးမှူးဦးမြင့်သိန်းက ဆိုသည်။

“ပခန်းကြီးမြို့ဟောင်းအနီးတစ်ဝိုက်မှာ ရှေးဟောင်းသာသနိကအဆောက်အအုံပေါင်း ၃၃၃ခု ရှိတယ်။ အဲဒီအဆောက်အအုံ တွေကို ရှေးမူမပျက်ပြုပြင်သွားမှာပါ။ သစ်သားနဲ့တည်အဆောက်ထားတာနဲ့ အုတ်နဲ့ဆောက်ထားတဲ့ ပုံစံဆိုပြီးနှစ်မျိုးရှိပါတယ်။’’ ဟု၎င်းကဖြည့်စွက်ပြောကြားသည်။

အဆိုပါဒေသတွင် သမိုင်းမတင်မီ ကျောက်ခေတ် ကာလမှ လူများနေထိုင်ခဲ့သော ကြေးရိုးကုန်း၊ ရွှေဥမင် တောင်ရိုး၊ ဝါကျကုန်း စသည့်နေရာများနှင့် သမိုင်းတင် ခေတ်ဖြစ်သော ပုဂံခေတ် မှ ကုန်းဘောင်ခေတ်ထိ ဘုရား စေတီပုထိုး၊ အုတ်ကုန်း သာသနိကအဆောက်အအုံဟူ၍ ၃၃၃ခု ခန့် တည်ရှိကြောင်း ၊ အဆိုပါအဆောက်အဦးများကို ပြုပြင်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်းသိရသည်။“မူလရှေးမူလက်ရာမပျက်ပြင်ဆင်တာနဲ့ ဒီထက်ပိုပြီး ပျက်စီးဆုံးရှုံးမှုမရှိရအောင် ကျွန်တော်တို့ အခုလို ပြုပြင်ထိန်းသိမ်းဖို့ဆောင်ရွက်ရတာဖြစ်ပါတယ်’’ ဟု ဦးမြင့်သိန်းက ဆက်ပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.