ရန်ကုန်၊ မတ် ၂၀ ရက် (ဆင်ဟွာ) လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease 2019 (COVID-19) ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပင်စင်လစာငွေများကို သတ်ဆိုင်ရာဘဏ်များတွင် လစဉ် ၂၁ ရက် တစ်ရက်တည်းတွင် စုပြုံထုတ်ယူခြင်းအစား လစဉ်၂၁ရက်နောက်ပိုင်း ဘဏ်ဖွင့်ရက်များတွင်လည်း ထုတ်ယူနိုင်မည်ဖြစ်ကြောင်း မြန်မာ့စီးပွားရေးဘဏ်က ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မေ ၂၆ ရက် (ဆင်ဟွာ) အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပင်စင်လစာများကို မိုဘိုင်းပေးမင့် (Mobile Payment) များအသုံးပြု၍ ထုတ်ယူနိုင်သကဲ့သို့ ဘဏ်ခွဲ ၂၈၁ ခုတွင် Myanmar Mobile Money ဖြင့်လည်း ထုတ်ယူနိုင်ကြောင်း သိရသည်။