Connect with us

Social

အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပင်စင်လစာများကို Mobile Payment များအသုံးပြု၍ထုတ်ယူနိုင်သကဲ့သို့ Myanmar Mobile Money ဖြင့်လည်း ထုတ်ယူနိုင်

ပင်စင်စားတစ်ချို့ ဘဏ်တစ်ခုတွင် ပင်စင်လစာထုတ်ယူနေစဉ် (ဓာတ်ပုံ--MOI)

ရန်ကုန်၊ မေ ၂၆ ရက် (ဆင်ဟွာ)

အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပင်စင်လစာများကို မိုဘိုင်းပေးမင့် (Mobile Payment) များအသုံးပြု၍ ထုတ်ယူနိုင်သကဲ့သို့ ဘဏ်ခွဲ ၂၈၁ ခုတွင် Myanmar Mobile Money ဖြင့်လည်း ထုတ်ယူနိုင်ကြောင်း သိရသည်။

အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပင်စင်လစာများကို လစဉ် ၂၁ ရက်နေ့နောက် ပိုင်း ဘဏ်ဖွင့်ချိန်တိုင်း နေ့စဉ် ထုတ်ယူနိုင်ကြောင်း သိရသည်။

ထို့ပြင် မြန်မာ့စီးပွားရေးဘဏ်တွင် ငွေစာရင်းဖွင့်ကာ ယင်းငွေစာရင်းထဲသို့ ပင်စာလစာ ထည့်သွင်းပေးသည့်အတွက် ဘဏ်ဖွင့်ချိန်တိုင်းလည်း ထုတ်ယူနိုင် သကဲ့သို့ ATM ကတ်ပြုလုပ်ပြီး နီးစပ်ရာ မြန်မာ့စီးပွားရေးဘဏ် ၏ ATM စက်များတွင်လည်း ထုတ်ယူနိုင်ကြောင်း သိရသည်။

အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပင်စာလစာများကို မိမိနေထိုင်ရာမြို့နှင့် နီးစပ်သည့် မြန်မာ့စီးပွားရေးဘဏ်ခွဲ (ပင်စင်စားထုတ်ယူမှု နည်းသည့် မြန်မာ့စီးပွားရေးဘဏ်ခွဲ) များတွင်လည်း ထုတ်ယူနိုင်ရန် အတွက် ဘဏ်ပြောင်းလျှောက်ထားခြင်းကို ခွင့်ပြုပေးလျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်တွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.