အစ္စလမ်မာဘတ်၊ နယူးဒေလီ၊ မတ် ၂ ရက်(ဆင်ဟွာ) ပါကစ္စတန်နိုင်ငံမှဖမ်းဆီးမိထားသော အိန္ဒိယလေယာဉ်မှူးတစ်ဦးအား ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်းရှိ လာဟိုမြို့အနီး ဝါဒါနယ်စပ်ဖြတ်ကျော်စခန်းမှတစ်ဆင့် မတ်လ ၁ ရက်ညက အိန္ဒိယနိုင်ငံသို့ပြန်လွှတ် ပေးခဲ့ကြောင်း ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။လိုအပ်သောလွှဲပြောင်းရေးလုပ် ငန်းစဉ်များအားလုံးဆောင်ရွက်အပြီးတွင် ပါကစ္စတန်အာဏာပိုင်များက အိန္ဒိယလေယာဉ်မှူး အက်ဘီ် နန်ဒန် ဗာသာမန်(Abhinandan Varthaman) အားအိန္ဒိယအာဏာပိုင်များထံ လွှဲပြောင်းပေးခဲ့ကြောင်း...
အစ္စလာမ်မာဘတ်၊ ဇန်နဝါရီလ ၂ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ မြောက်ပိုင်း Attock ခရိုင်ရှိ ဆေးရုံတစ်ရုံတွင် ဓာတ်ငွေ့ဆလင်ဒါအိုး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၆ ဦး သေဆုံးကာ အခြားသူ ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း သတင်းများက ဖော်ပြခဲ့သည်။