ပဲခူး၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့တွင် ပဲခူးမြစ်ရေတက်နေမှုကြောင့် ရေကြီးရေလျှံဖြစ်ပွားနေကြောင်း၊ ခရီးသည် ၅၀၂ ဦးခန့် လိုက်ပါလာသော အမှတ်(၈၂) ရန်ကုန်-မော်လမြိုင်အစုန်ရထားမှာ ပဲခူးမြို့၊ ကလိကျေးရွာအနီး၌ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၈ ရက် ညနေ ၆ နာရီအချိန်ခန့်က...
ရန်ကုန်၊ ဩဂုတ် ၁၂ ရက် (ဆင်ဟွာ) မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုနှင့် ပဲခူးမြစ်ရေ မြင့်တက်မှုကြောင့် ပဲခူးမြို့အတွင်း ရပ်ကွက် ၁၁ ခု နှင့် ကျေးရွာအချို့၌ ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ကြောင်းသိရသည်။ ပဲခူးမြို့၌ရေဘေးသင့် ပြည်သူများကို ယာယီရေဘေးရှောင်ကယ်ဆယ်ရေးစခန်း ၂၉ ခု ဖွင့်လှစ်ပြီး ကူညီစောင့်ရှောက်ပေးလျက်ရှိကာ ဩဂုတ်လ ၁၂...
ရန်ကုန်၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ) ပဲခူးမြစ်ရေသည် ဇူလိုင် ၃၀ ရက်မွန်းလွဲပိုင်းတိုင်းတာချက်အရ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၏ စိုးရိမ်ရေမှတ်အောက် ၂ ပေခန့် ရောက်ရှိနေသည့်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများကရေကင်းများ ချထားစောင့်ကြည့်လျက်ရှိကြောင်း ပဲခူးမြို့၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးသောင်းရွှေက ဆင်ဟွာသို့ ယနေ့ ဇူလိုင်...
ရန်ကုန်၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ) ပဲခူးမြစ်ရေမြင့်တက်လာမှုကြောင့် သြဂုတ် ၁၂ ရက်၌ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၊ (၉၃)ရပ်ကွက်၊ ရွှေလီလမ်း၊မြကျွန်းသာလမ်း၊ မြကန်သာလမ်း၊ ယမုံနာလမ်း၊ ဇော်ဂျီလမ်း၊ ပန်းလောင်လမ်း၊ ကန်သာယာလမ်း၊ မေယုလမ်းတို့ရှိ နေအိမ် (၁၀၀၀)လုံးခန့်နေအိမ်များအတွင်းသို့ ရေများဝင်းရောက်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သောသတင်းအရ သိရသည်။