ဝါရှင်တန်၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ) အမေရိကန်သမ္မတဂျိုးဘိုင်ဒန်သည် ၎င်းစတင်တာဝန်ယူခဲ့သည့် ဇန်နဝါရီလ မှစ၍ ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် ဗြိတိန် နှင့် ဘယ်လ်ဂျီယံနိုင်ငံသို့ ဇွန်လတွင် သွားရောက်မည်ဖြစ်ကြောင်း အိမ်ဖြူတော်က ဧပြီ ၂၃ ရက်တွင်ပြောသည်။
လန်ဒန် ၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ) ဗြိတိန်နိုင်ငံ ဆေးဝါးနှင့် ကျန်းမာရေးထုတ်ကုန်များ ကြီးကြပ်မှုဌာန၏ ဧပြီ ၂၂ ရက်တွင်ထုတ်ပြန်ခဲ့သော စာရင်းပြုစုချက်အရ ဗြိတိန်နိုင်ငံတွင် လူပေါင်း ၁၆၈ ဦး၌ AstraZeneca ဆေးဝါးထုတ်လုပ်မှုကုမ္ပဏီနှင့် အောက်စ်ဖို့တက္ကသိုလ်တို့မှ ပူးပေါင်းတီထွင်ထုတ်လုပ်ခဲ့သည့် COVID-19 ရောဂါကာကွယ်ဆေး ထိုးနှံမှုခံယူခဲ့ပြီးနောက် သွေးခဲသည့်...
ပေကျင်း၊ ဧပြီ ၈ ရက်(ဆင်ဟွာ) ကိုဗစ်ပျောက်ကင်းလူနာ သုံးပုံတစ်ပုံခန့်သည် ရောဂါသက်သာပျောက်ကင်းပြီးနောက် (၆)လအတွင်း အာရုံကြော သို့မဟုတ် စိတ်ပိုင်းဆိုင်ရာရောဂါဖြစ်ပွားသည်ကို တွေ့ရှိရကြောင်း ဗြိတိန်၏နောက်ဆုံးသုတေသနတစ်ခုတွင် ဖော်ပြထားသည်။
လန်ဒန်၊ မတ် ၁၈ ရက်(ဆင်ဟွာ) ဗြိတိန်နိုင်ငံတွင် မတ် ၁၆ ရက်အထိ ကိုဗစ်ကာကွယ်ဆေး ပထမတစ်လုံး ထိုးနှံပြီးသူ (၂၅,၂၇၃,၂၂၆)ဦး ရှိရာ စုစုပေါင်းလူဦးရေ၏ သုံးပုံတစ်ပုံကျော်က ကာကွယ်ဆေး ပထမတစ်ကြိမ် ထိုးနှံပြီးပြီဖြစ်ကြောင်း ဗြိတိန် ကျန်းမာရေးဝန်ကြီးဌာန၏ မတ် ၁၇ ရက် ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ သိရသည်။
လန်ဒန် ၊ ဖေဖော်ဝါရီ ၁၂ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး တောင်အာဖရိက နိုင်ငံမှ ထုတ်ပြန်ခဲ့သည့် ဗီဇပြောင်း COVID-19 ရောဂါပိုးကြောင့် ဖြစ်ပွားစေခဲ့သည့် ရောဂါလက္ခဏာ အနည်းငယ် မှ အလယ်အလတ်အဆင့် အထိဖြင့် ကူးစက်ခံရမှုအား ဗြိတိန်နိုင်ငံ အောက်စ်ဖို့တက္ကသိုလ် နှင့် AstraZeneca ဆေးဝါးထုတ်လုပ်မှု ကုမ္ပဏီ...
လန်ဒန်၊ ဖေဖော်ဝါရီ ၃ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ကိုဗစ်ကပ်ရောဂါတိုက်ဖျက်ရေးအတွက် ပေါင်ငွေ သန်းပေါင်းများစွာ ရန်ပုံငွေ ရှာပေးခဲ့သည့် ဗြိတိန်အသက်ရာကျော် စစ်ပြန်အဖိုးအို တွမ်မိုးရ် (Tom Moore)သည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုကြောင့် ဆေးရုံတက်ပြီး(၂)ရက်အကြာ ဖေဖော်ဝါရီ ၂ ရက်တွင် ကွယ်လွန်ခဲ့ကြောင်း သိရသည်။
လန်ဒန်၊ ဖေဖော်ဝါရီ ၂ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ဇန်နဝါရီ ၃၁ ရက်အထိ ဗြိတိန်တွင် ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပြီးသူ (၉,၂၉၆,၃၆၇)ဦး ရှိရာ ၎င်းတို့အနက် (၄၉၄,၂၀၉)ဦးသည် ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပြီးဖြစ်ကြောင်း ဗြိတိန်အစိုးရ၏ ဖေဖော်ဝါရီ ၁ ရက်ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ သိရသည်။
လန်ဒန် ၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး ဗြိတိန်နိုင်ငံဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် က ဗြိတိန်နိုင်ငံအနေဖြင့် ပြည်ဝင်ခွင့်စီမံခန့်ခွဲမှု ကို ပိုမိုတိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ပြီး ဗီဇပြောင်းလဲ COVID-19 ရောဂါပိုး ကူးစက်ပြန့်ပွားမှုရှိသည့် နိုင်ငံ နှင့် ဒေသများမှာ ပြည်သူများ ဗြိတိန်နိုင်ငံအတွင်းသို့ဝင်ရောက်လာပါက သတ်မှတ်ထားသည့် နေရာတွင် မဖြစ်မနေ...
ပေကျင်း၊ ဇန်နဝါရီ ၂၁ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ကျန်းမာရေးစနစ်တွင် လက်ခံကုသထားသည့် လူနာအမြောက်အမြားဖြစ်နေပြီး ဝန်ပိအား အလွန်ကြီးနေကြောင်း၊ အချို့ဆေးရုံများတွင် စစ်တလင်းပြင်ကဲ့သို့ ဖြစ်နေကြောင်း ဗြိတိန်အစိုးရ၏ သိပ္ပံရေးရာ ထိပ်တန်းအကြံပေးပုဂ္ဂိုလ် Patrick Vallance က ဇန်နဝါရီ ၂၀ ရက်တွင် ပြောကြားခဲ့သည်။ ဗြိတိန်၏ ဇန်နဝါရီ ၁၉...
လန်ဒန် ၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး ဗြိတိန်နိုင်ငံအစိုးရ၏ ဇန်နဝါရီ ၈ ရက် ထုတ်ပြန်ကြေညာချက်အရ ယင်းနေ့တွင် ဗြိတိန်နိုင်ငံ၌ COVID-19 ရောဂါထပ်မံကူးစက်ခံရသူ ၆၈,၀၅၃ ဦးရှိခဲ့ပြီး ကပ်ရောဂါစတင်ဖြစ်ပွားချိန်မှစ၍ တစ်ရက်အတွင်း ထပ်မံကူးစက်ခံရမှုအများဆုံး စံချိန်သစ်ဖြစ်ခဲ့ကာ COVID-19 ရောဂါ ကူးစက်ခံရသူ စုစုပေါင်း...