Connect with us

News

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ယူကရိန်းသို့ သွားရောက်လည်ပတ်

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်အား လန်ဒန်မြို့ ဒေါင်းနင်းလမ်းရှိ ဝန်ကြီးချုပ်အိမ်တော်ရှေ့တွင် ၂၀၂၁ ခုနှစ် မတ် ၁၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ကိဗ်၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ)

ဗြိတိန်သည် ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများ ပိုမိုလုပ်ဆောင်သွာမည်ဖြစ်ပြီး ယူကရိန်းအပေါ် စီးပွားရေးနှင့် စစ်ရေးအကူအညီများ ပေးအပ်သွားမည်ဟု ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ဧပြီ ၉ ရက်တွင် ယူကရိန်းနိုင်ငံ မြို့တော် ကိဗ်၌ ပြောကြားခဲ့သည်။ဗြိတိန်နှင့် ၎င်း၏မိတ်ဖက်နိုင်ငံများက ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများ ဆက်လက်အားဖြည့် လုပ်ဆောင်သွားမည်ဖြစ်ပြီး ယူကရိန်းအတွက် လိုအပ်သော စီးပွားရေးနှင့် စစ်ရေးအကူအညီများ ပေးအပ်သွားမည်ဖြစ်ကြောင်း ဘောရစ်ဂျွန်ဆင်က ယူကရိန်းသမ္မတ ဇယ်လန်းစကီးနှင့် ပြုလုပ်သော ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ကြောင်း Ukrinform သတင်းဌာနက ဖော်ပြထားသည်။ ထို့ပြင် ဗြိတိန်သည် ယူကရိန်းနှင့် ကုန်သွယ်မှုများ ဖွင့်လှစ်သွားရန်စီစဉ်ထားပြီး ယူကရိန်း မိုင်းရှင်းလင်းရေးလုပ်ငန်းတွင် ကူညီသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အနောက်နိုင်ငံများအနေဖြင့် ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများ အားဖြည့်လုပ်ဆောင်သွားရန် အထူးသဖြင့် စွမ်းအင်ဆိုင်ရာနယ်ပယ်၌ ကျယ်ကျယ်ပြန်ပြန် ပိတ်ဆို့ပြီး ယူကရိန်းအပေါ် လက်နက်များ တိုးမြှင့်ထောက်ပံ့ပေးရန် ဇယ်လန်းစကီးသည် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ လက်ရှိလုပ်ဆောင်နေသည့် ယူကရိန်း-ရုရှား ဆွေးနွေးညှိနှိုင်းမှုနှင့်ပတ်သက်၍ပြောကြားရာတွင် ဇယ်လန်းစကီးက ငြိမ်းချမ်းရေးသဘောတူညီချက်သည် ယူကရိန်းအတွက် ထိရောက်သော လုံခြုံရေးယန္တရားတစ်ခု ပေးဆောင်သင့်ကြောင်း အလေးထားပြောကြားခဲ့သည်။ဘောရစ်ဂျွန်ဆင်သည် ဧပြီ ၉ ရက်တွင် ကိဗ်သို့ရောက်ရှိခဲ့ကြောင်း သိရသည်။ (Xinhua)

—————————
(Chinese Version)

(乌克兰局势)英国首相约翰逊访问乌克兰
新华社基辅4月9日电英国首相约翰逊9日在乌克兰首都基辅表示,英国将加大对俄罗斯的制裁压力,并向乌克兰提供经济和军事援助。
据乌克兰国家通讯社报道,约翰逊当天在同乌克兰总统泽连斯基共同举行的新闻发布会上说,英国及其合作伙伴将继续加强对俄罗斯的制裁,并尽力提供乌克兰所需的经济和军事支持。约翰逊还说,英国计划开放与乌克兰的贸易并帮助乌排雷。
泽连斯基在新闻发布会上呼吁西方国家加大对俄罗斯的制裁力度,特别是对俄罗斯实施全面能源禁运,并增加对乌克兰的武器供应。谈到进行中的乌俄谈判,泽连斯基强调,和平协议应为乌克兰提供有效安全保障机制。
约翰逊9日抵达基辅进行访问。(完)