Connect with us

Media

ဗြိတိန်နိုင်ငံတွင် လောင်စာဆီ ဈေးနှုန်းစံချိန်တင်မြင့်တက်

လန်ဒန်၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ)

ဗြိတိန်နိုင်ငံတွင် ပြီးခဲ့သည့် သီတင်းပတ်မှစတင်ကာ ဓါတ်ဆီနှင့် ဒီဇယ်ဆီဈေးနှုန်း စံချိန်တင်မြင့်တက်လျက်ရှိရာ ဗြိတိန်နိုင်ငံသားများအတွက် နေထိုင်စရိတ် ကုန်ကျမှု များပြားလာပြီး ကြပ်တည်းမှုများဖြစ်ပေါ်လာခဲ့သည်။

မော်တော်ယာဉ်အဖွဲ့အစည်းဖြစ်သည့် RAC ၏ အဆိုအရ ပျမ်းမျှ ဓါတ်ဆီဈေးနှုန်းမှာ တစ်လီတာလျှင် ၁၄၈.၀၂ ပဲနိ (အမေရိကန်ဒေါ်လာ ၂ဒေါ်လာခန့်) ရှိပြီး ဒီဇယ်ဆီဈေးနှုန်းမှာ တစ်လီတာလျှင် ၁၅၁.၅၇ ပဲနိ ခန့်ရှိကြောင်း ဓါတ်ဆီရောဒီဇယ်ဆီဈေးနှုန်းများပါ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ တွင် စံချိန်တင်မြင့်တက်ခဲ့သည့်ဈေးနှုန်းများထက် များပြားနေကြောင်းဆိုသည်။
RAC လောင်စာမှ ပြောခွင့်ရသူ ဆိုင်မွန် ဝီလီယံ က လောင်စာဆီဈေးနှုန်းများမြင့်တက်လာခြင်းသည် ရုရှားနှင့် ယူကရိန်းအရေး တင်းမာမှုများ ကြောင့် ဖြစ်သည့်အပြင် ကမ္ဘာကြီးတွင် ပေါ်ပေါက်လာခဲ့သည့် ကပ်ရောဂါကြောင့် လောင်စာဆီ ထုတ်လုပ်မှု ဟန်ချက်မထိန်းနိုင်ခြင်းလည်းပါဝင်ကြောင်း မှတ်ချက်ပြုခဲ့သည်။

RAC က လောင်စာဆီဈေးနှုန်းများ ဆက်လက်မြင့်တက်လာနိုင်ချေရှိကြောင်း သတိပေးထားခဲ့သည်။

ယခုလအစောပိုင်းတွင် အင်္ဂလန်နိုင်ငံ၏ ဘဏ် ဖြစ်သည့် ဗြိတိန်ဗဟိုဘဏ် က နိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် ၅.၄ ရာခိုင်နှုန်းအထိ နှစ်ပေါင်း ၃၀ စာမြင့်တက်လာခဲ့ကြောင်းနှင့် လာမည့် ဖေဖော်ဝါရီနှင့်မတ်လတို့တွင် ၆ ရာခိုင်နှုန်းအထိ တိုးမြင့်လာမည်ဟု ခန့်မှန်းထားပြီး ဧပြီလတွင် ၇.၂၅ ရာခိုင်နှုန်းအထိ အမြင့်ဆုံးဖြစ်လာနိုင်ကြောင်း ထုတ်ပြန်ထားသည်။ (Xinhua)
………………………………..
(English Version)
GLOBALink | Britain’s fuel prices hit new highs amid cost of living crisis
LONDON, Feb. 17 (Xinhua) — The prices of petrol and diesel in Britain have both posted new record highs over the weekend, pushing the cost of living crisis even further for British families.
According to motoring organization, the RAC, petrol price hit an average of 148.02 pence (about two U.S. dollars) per liter, while diesel costs an average of 151.57 pence per liter, both exceeding the previous records set in November 2021.
RAC fuel spokesman Simon Williams attributed the rising prices to the tensions between Russia and Ukraine, and the “oil production remaining out of kilter with demand as the world emerges from the pandemic.”
The RAC has warned that fuel prices are likely to continue growing.
Earlier this month, the Bank of England, Britain’s central bank, said the country’s inflation soared to a 30-year high of 5.4 percent in December 2021 and is expected to increase further to close to six percent in February and March, before peaking at around 7.25 percent in April.

Produced by Xinhua Global Service