ဒါကာ ၊ နိုဝင်ဘာ ၂၈ ရက်(ဆင်ဟွာ) COVID-19 မျိုးဗီဇကွဲအသစ် ပြန့်နှံ့မှု ဖြစ်ပွားနေစဉ်အတွင်း တောင်အာဖရိကနိုင်ငံမှ ခရီးသွားများ ဝင်ရောက်မှုအား ဘင်္ဂလားဒေ့ရှ်နိုင်ငံက နိုဝင်ဘာ ၂၇ ရက်တွင် ဆိုင်းငံ့လိုက်ကြောင်း သိရသည်။
ကုလသမဂ္ဂ ၊ နိုဝင်ဘာ ၂၅ ရက်(ဆင်ဟွာ) ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ(LDC) စာရင်းဝင် နိုင်ငံများမှ ဘင်္ဂလားဒေ့ရှ် ၊ လာအို ၊ နီပေါ နိုင်ငံတို့သည် တိုးတက်လာခဲ့သည်ဟု ကုလသမဂ္ဂအထွေထွေညီလာခံက နိုဝင်ဘာ ၂၄ ရက်တွင် အတည်ပြုခဲ့သည်။
ဒါကာ ၊ နိုဝင်ဘာ ၂၄ ရက်(ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပထမဆုံး ပြည်တွင်းဖြစ် COVID-19 ကာကွယ်ဆေးကို လူသားဖြင့် စမ်းသပ်မှုတစ်ခုအတွက် ကျင့်ဝတ်ဆိုင်ရာ ခွင့်ပြုမိန့်အား ရရှိခဲ့ကြောင်း သိရသည်။
ဒါကာ ၊ နိုဝင်ဘာ ၁၁ ရက်(ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရက မြို့တော် ဒါကာမြို့၌ တရုတ်ရန်ပုံငွေဖြင့် အဝေးပြေးလမ်းစီမံကိန်းတစ်ခုအား အတည်ပြုခဲ့ကြောင်း သိရသည်။ အဆိုပါစီမံကိန်းအား နိုဝင်ဘာ ၁၀ ရက်တွင် ဘဏ္ဍာရေးဝန်ကြီး AHM Mustafa Kamal က ဦးဆောင်သော ဘင်္ဂလားဒေ့ရှ် စီးပွားရေးရာကော်မတီ အစိုးရအစည်းအဝေးတွင်...
ဒါကာ ၊ စက်တင်ဘာ ၁၃ ရက်(ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ COVID-19 ရောဂါဖြစ်ပွားမှုအသစ်များ စတင်ကျဆင်းလာသည်နှင့်အမျှ တစ်နှစ်ခွဲကျော်အကြာ ပိတ်ထားရသည့် စာသင်ကျောင်းများ နှင့် ကောလိပ်များကို စက်တင်ဘာ ၁၂ ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ နိုင်ငံတစ်ဝှမ်း နှင့် မြို့တော်ဒါကာမြို့ရှိ ပညာရေးဆိုင်ရာ အဖွဲ့အစည်းများသည် စာသင်ခန်းများအတွင်း လူမှုဘဝ...
ဒါကာ ၊ စက်တင်ဘာ ၁ ရက်(ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုများသည် ဩဂုတ်လတွင် သိသိသာသာ မြင့်တက်လာသည်ကို တွေ့မြင်ရပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ ယခုအချိန်ထိ ရောဂါဖြစ်ပွားသူ ၁၀,၃၅၆ ဦး နှင့် သေဆုံးသူ ၄၂ ဦး ရှိကြောင်း ကျန်းမာရေးဝန်ဆောင်မှုများဦးစီးဌာန(DGHS)က ဩဂုတ်...
ဒါကာ ၊ ဩဂုတ် ၁၁ ရက်(ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် COVAX အစီအစဉ်မှတစ်ဆင့် ပို့ဆောင်ပေးခဲ့သည့် တရုတ်နိုင်ငံထုတ် COVID-19 ကာကွယ်ဆေး နောက်ထပ်တစ်သုတ်အား လက်ခံရရှိခဲ့ကြောင်း သိရသည်။
ဒါကာ ၊ ဇွန် ၇ ရက်(ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ တရုတ်နိုင်ငံထုတ် COVID-19 ကာကွယ်ဆေး နောက်ထပ် တစ်မျိုးကို အရေးပေါ်အသုံးပြုရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဆေးဝါးကြီးကြပ်ရေးအဖွဲ့က ခွင့်ပြုခဲ့ကြောင်း သိရသည်။
ဒါကာ ၊ ဇွန် ၁ ရက်(ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရသည် တရုတ်နိုင်ငံမှ ဆေးများ ထပ်မံရောက်ရှိလာခဲ့ပြီးနောက် COVID-19 ကာကွယ်ဆေး ထိုးနှံရန်အတွက် စာရင်းပေးသွင်းခြင်းကို ပြန်လည်စတင်မည် ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး Zahid Maleque က မေ ၃၁ ရက်တွင် ကြေညာခဲ့သည်။
ဒါကာ ၊ မေ ၂၆ ရက်(ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ဆေးကျောင်းသားများအား တရုတ်နိုင်ငံက လှူဒါန်းသည့် ကာကွယ်ဆေးများကို မေ ၂၅ ရက်တွင် စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။