ဘန်ကောက်၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် ဖြင့် နေ့စဉ်သေဆုံးမှု စာရင်းအရ ဇူလိုင် ၁၅ ရက်တွင် ထပ်မံသေဆုံးသူ ၉၈ ဦးရှိရာ နိုင်ငံအတွင်း စုစုပေါင်းသေဆုံးသူဦး ရေ ၃,၀၃၂ ဦးအထိ မြင့်တက်ခဲ့ကြောင်း ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန မှ ထုတ်ပြန်သည့် အချက်အလက်များအရ...
ဘန်ကောက်၊ ဇွန် ၃၀ ရက်(ဆင်ဟွာ) ကိုဗစ်ကပ်ရောဂါကူးစက်ပြန့်ပွားမှုကို တားဆီးရန်အတွက် ထိုင်းနိုင်ငံတွင် ဇွန် ၂၈ ရက်မှစ၍ ဘန်ကောက်စသည့် နေရာများ၌ ရောဂါကာကွယ်တားဆီးရေး နည်းလမ်းများကို တစ်ဆင့်တိုး တင်းကျပ်စွာ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဘန်ကောက်၊ ဇွန် ၁၈ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ၌ COVID-19 ရောဂါပျံ့နှံ့မှု တိုက်ဖျက်ရေးအတွက် ကာကွယ်ဆေးထိုးနှံမှုကို အရှိန်မြှင့်တင် ဆောင်ရွက်လျက်ရှိပြီး လက်ရှိအချိန်အထိ COVID-19 ကာကွယ်ဆေး အလုံးရေ ၇,၀၀၃,၇၈၃ အား ထိုးနှံပြီးဖြစ်ကြောင်း သိရသည်။ နိုင်ငံအတွင်း၌ လူထုကာကွယ်ဆေးထိုးနှံမှု စတင်ပြီးနောက် လွန်ခဲ့သော ၁၀ ရက်အထိ...
ဘန်ကောက်၊ ဇွန် ၃ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံသည် နိုင်ငံအတွင်းလက်ရှိ ဖြစ်ပွားလျက်ရှိသော အဆိုးဝါးဆုံးရောဂါကူးစက်မှုအား ထိန်းချုပ်နိုင်ရန်အတွက် လူအများအပြား အစုပြုံလိုက်ကာကွယ်ဆေးထိုးခြင်း အစီအစဉ်ကို လာမည့်သတင်းပတ်တွင် စတင်နိုင်ရန် ရည်ရွယ်ထားရှိပြီး ပြင်ဆင်သည့်အနေဖြင့် COVID-19 ကာကွယ်ဆေးဖြန့်ချိခြင်းအား အရှိန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဘန်ကောက်၊ မေ ၁၈ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း COVID-19 ဖြင့် သေဆုံးသူ ၃၅ ဦးရှိပြီး ကပ်ရောဂါစတင်ဖြစ်ပွားသည့်ချိန်မှစ၍ နေ့စဉ်သေဆုံးမှုစာရင်းတွင် အမြင့်ဆုံးဖြစ်ကြောင်း COVID-19 အခြေအနေ စီမံခန့်ခွဲမှု ဗဟိုဌာန (CCSA) က မေ ၁၈ ရက်တွင်ထုတ်ပြန်သည်။
ဘန်ကောက်၊ မေ ၁၅ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ၌ မေ ၁၅ ရက်တွင် COVID-19 ထပ်မံကူးစက်ခံရသူ ၃,၀၉၅ ဦးရှိပြီး စုစုပေါင်း ကူးစက်ခံရသူဦးရေ ၉၉,၁၄၅ ဦး ရှိလာပြီဖြစ်ကြောင်း၊ အကျဉ်းထောင်အတွင်း ကူးစက်မှုများလည်းမြင့်တက်လာကြောင်း တရားဝင်အချက်အလက်များအရသိရသည်။ COVID-19 အခြေအနေစီမံခန့်ခွဲရေးစင်တာ (CCSA) ၏ ထုတ်ပြန်ချက်အရ...
ဘန်ကောက်၊ မေ ၁၃ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ၌ အကျဉ်းထောင်အတွင်း အစုလိုက်အပြုံလိုက် ရောဂါကူးစက်မှုဖြစ်ပွားပြီးနောက် မေ ၁၃ ရက်တွင် နေ့စဉ် COVID-19 ရောဂါအသစ်ဖြစ်ပွားမှု အမြင့်ဆုံး စံချိန် ဖြစ်ခဲ့ကြောင်း COVID-19 အခြေအနေ စီမံခန့်ခွဲမှုစင်တာ (CCSA) ၏ ထုတ်ပြန်ချက်အရ သိရသည်။ ပြီးခဲ့သည့်...
ဘန်ကောက် ၊ မေ ၄ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံ၌ COVID-19 လူနာသစ် ၁၇၆၃ ဦး တိုးလာခဲ့သဖြင့် လူနာပေါင်း ၇၂,၇၈၈ ဦးထိ ရှိလာခဲ့ကြောင်း COVID-19 အခြေအနေစီမံခန့်ခွဲရေးစင်တာ (CCSA)၏ မေ ၄ ရက်တွင် ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။
ဘန်ကောက် ၊ မေ ၃ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် ရောဂါဖြစ်ပွားမှု အဆိုးရွားဆုံး ဆက်လက်ဖြစ်ပွားနေသည်နှင့်အမျှ မေ ၃ ရက်တွင် COVID-19 လူနာသစ် ၂,၀၄၁ ဦး စစ်ဆေးတွေ့ရှိခဲ့ပြီး လူနာပေါင်း ၇၀,၀၀၀ ဦးကျော်ထိ ရှိလာခဲ့ကြောင်း ၊ ထပ်မံသေဆုံးသူ ၃၁ ဦးနှင့်အတူ...
ဘန်ကောက်၊ မေ ၁ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ၌ မေ ၁ ရက်တွင် COVID-19 အတည်ပြုလူနာသစ် ၁,၈၉၁ ဦး ရှိပြီး ၂၁ ဦးထပ်မံသေဆုံးခဲ့ကြောင်း COVID-19 အခြေအနေစီမံခန့်ခွဲရေးစင်တာ (CCSA) မှ သိရသည်။