Connect with us

WORLD

ထိုင်းနိုင်ငံ ၌ COVID-19 ကြောင့် နေ့စဉ်သေဆုံးမှုနှုန်း စံချိန်သစ်တင်မြင့်တက်နေ

ဘန်ကောက်၊ မေ ၁၈ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း COVID-19 ဖြင့် သေဆုံးသူ ၃၅ ဦးရှိပြီး ကပ်ရောဂါစတင်ဖြစ်ပွားသည့်ချိန်မှစ၍ နေ့စဉ်သေဆုံးမှုစာရင်းတွင် အမြင့်ဆုံးဖြစ်ကြောင်း COVID-19 အခြေအနေ စီမံခန့်ခွဲမှု ဗဟိုဌာန (CCSA) က မေ ၁၈ ရက်တွင်ထုတ်ပြန်သည်။စုစုပေါင်းသေဆုံးသူ ၆၄၉ ဦးရှိပြီး တတိယလှိုင်းဖြစ်ပွားစဉ်အတွင်း သေဆုံးသူ အရေအတွက်မှာ ၅၀၀ ကျော် ထိ ရှိကြောင်း သိရသည်။
နိုင်ငံတွင် COVID-19 ထပ်မံကူးစက်ခံရသူ ၂၄၇၃ ဦးရှိပြီး ၂၄၅၀ ဦးမှာ ပြည်တွင်းကူးစက်မှုဖြစ်ပြီး ၂၃ ဦးမှာ ပြည်ပမှ ဝင်ရောက်လာသူများဖြစ်ကြောင်း၊ စုစုပေါင်း ကူးစက်ခံရသူဦးရေ ၁၁၃,၅၅၅ ဦးရှိကြောင်း CCSA မှ ပြောရေးဆိုခွင့်ရှိသူ Taweesin Visanuyothin ကပြောသည်။

ပြည်တွင်းတွင် ကူးစက်ခံရသူများအနက် ၆၈၀ ဦးမှာ ထောင်တွင်းစမ်းသပ်မှုမှ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း Taweesin ကဆိုသည်။ဘန်ကောက်တွင် ထပ်မံကူးစက်ခံရသူ ၈၇၃ ဦးရှိပြီး ထိုင်းနိုင်ငံရှိ အခြားပြည်နယ်အားလုံးထက် COVID-19 ကူးစက်ခံရမှု အမြင့်ဆုံးအဆင့်တွင်ရှိသည်။

မြို့တော် ဘန်ကောက်သည် ပြင်းထန်သော အခြေအနေနှင့်ရင်ဆိုင်နေရဆဲဖြစ်ပြီး အစိုးရအနေဖြင့် ဘန်ကောက်တွင် နေထိုင်သူ၏ ၇၀ ရာခိုင်နှုန်းအား ၂လ အတွင်း ကာကွယ်ဆေးထိုးရန် စီးမံကိန်းချ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် လူနာဦးရေ ၄၂,၉၈၈ ဦးမှာ ဆေးရုံတွင် ဆေးကုသမှုခံယူနေရပြီး၊ ၁၁၅၀ ဦးမှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေကြောင်း ၎င်းကဆိုသည်။
မေ၁၇ ရက်အထိ နိုင်ငံအတွင်း COVID-19 ကာကွယ်ဆေး ၂.၃ သန်း ထိုးနှံပြီးဖြစ်ကြောင်း တရားဝင်ကိန်းဂဏန်းများတွင်ဖော်ပြထားသည်။ (Xinhua)
——————————————————-
(English Version)

Thailand records highest daily COVID-19 related deaths

BANGKOK, May 18 (Xinhua) — Thailand reported 35 COVID-19 related deaths over the last 24 hours, the highest daily record since the start of the pandemic, the Center for COVID-19 Situation Administration (CCSA) said Tuesday.
The total death toll has risen to 649, with more than 500 recorded during the third wave.

The country also reported 2,473 new COVID-19 cases, with 2,450 domestic and 23 imported, raising the total tally to 113,555, according to CCSA spokesman Taweesin Visanuyothin.

Some 680 of the new domestic cases were detected in prisons via mass testing, Taweesin said.
With 873 new cases, Bangkok still ranked the highest among all provinces in Thailand regarding COVID-19 transmissions.

As the capital is still in a severe situation, the government has planned to vaccinate 70 percent of the residents in Bangkok within two months to contain the outbreak.

Around 42,988 patients are currently under medical treatment, of which 1,150 are in critical conditions, he said.
As of Monday, over 2.3 million doses of COVID-19 vaccines haven been administered in the country, official data showed. Enditem