နေပြည်တော်၊ ဧပြီ ၂ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ ကရင်ပြည်နယ်တွင် ကုန်သွယ်မှုအဓိက လမ်းကြောင်းတစ်ခုဖြစ်သည့် ဘားအံ-ကော့ကရိတ်-မြဝတီ (အာရှလမ်းပိုင်း) ကို ယနေ့ (ဧပြီ ၂ ရက်) တွင် ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများက ထုတ်ပြန်သော သတင်းအရ သိရသည်။ အဆိုပါ ဘားအံ-ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးကို ယနေ့...
ဘားအံ၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ ကရင်ပြည်နယ်ရှိ ဇွဲကပင်တောင်ကြီး၏ မိုးရာသီကာလ တိမ်မြူကြားက ပေါ်တစ်ခါ ပျောက်တစ်လှည့် သဘာဝအလှမြင်ကွင်းများနှင့် စိမ်းစိုလှပသော တောင်တက်လမ်းအလှမြင်ကွင်းများကို ဇူလိုင် ၂၀ ရက်က ရိုက်ကူးထားခြင်းဖြစ်ပါသည်။ (Xinhua)
ရန်ကုန် ၊ သြဂုတ် ၄ ရက်(ဆင်ဟွာ) ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၌ လေပြင်း တိုက်ခတ်၍ လူနေအိမ်တဲ တစ်လုံးပေါ်သို့သစ်ပင်လဲပြိုမှုကြောင့် လူသုံးဦး သေဆုံးခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်သော သတင်း အရ သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ) ဘားအံမြို့နယ်၊ တောင်ကလေး ကျေးရွာရှိ ဘားအံအကျဉ်းထောင်မှ ထွက်ပြေးသွားသော အကျဉ်းသား ၄၂ဦးအနက် ၂၄ဦး ပြန်လည် ဖမ်းမိထားကြောင်း ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ) ဘားအံမြို့နယ်၊ တောင်ကလေး ကျေးရွာရှိ ဘားအံအကျဉ်းထောင်မှ ထွက်ပြေးသွားသော အကျဉ်းသား ၄၂ဦးအနက် ၁၄ဦး ပြန်လည် ဖမ်းမိထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ယနေ့ထုတ်ပြန်သောသတင်းအရ သိရသည်။
ရန်ကုန်၊ သြဂုတ် ၇ ရက် (ဆင်ဟွာ) ကရင်ပြည်နယ် အတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုနှင့် သံလွင်မြစ်ရေမြင့်တက်ခဲ့မှုကြောင့် သြဂုတ်လ(၆)ရက်နေ့အထိ အခြေခံပညာ ကျောင်းပေါင်း ၂၁၃ ကျောင်း ပိတ်ထားရဆဲ ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။