ဘေရွတ်၊ ဩဂုတ် ၆ ရက် (ဆင်ဟွာ) လက်ဘနွန်နိုင်ငံ မြို့တော် ဘေရွတ်မြို့ ဆိပ်ကမ်းတွင် ဩဂုတ် ၄ ရက်က ကြောက်မက်ဖွယ်ပေါက်ကွဲမှုများ ဖြစ်ပွားပြီးနောက် တရုတ်နိုင်ငံ ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ ဆေးတပ်ဖွဲ့ခွဲအနေဖြင့် ဘေရွတ်မြို့၌ ဆေးဘက်ဆိုင်ရာ အကူအညီများ ထောက်ပံ့သွားမည်ဟု ပြောကြားခဲ့သည်။
ဘေရွတ် ၊ သြဂုတ် ၅ ရက်(ဆင်ဟွာ) လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ ဆိပ်ကမ်းတွင် သြဂုတ် ၄ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့သည့် ပြင်းထန်သော ပေါက်ကွဲမှုအတွင်း သေဆုံးသူ ဦးရေသည် လက်ရှိအချိန်တွင် ၇၃ ဦးအထိမြင့်တက်လာပြီး ဒဏ်ရာရသူ အရေအတွက်မှာလည်း ၃,၇၀၀ဦးထိ ရှိလာခဲ့ကြောင်း သိရသည်။