Connect with us

Africa & Middle East

လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ဆိပ်ကမ်း၌ ဖြစ်ပွားသည့် ပြင်းထန်သောပေါက်ကွဲမှုအတွင်း  သေဆုံးသူ  ၇၃  ဦး၊ ဒဏ်ရာရသူ ၃,၇၀၀ ဦး အထိ မြင့်တက်လာ

လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တွင် ဩဂုတ် ၄ ရက်က ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် မြင်ကွင်းအား တွေ့ရစဉ် (ဆင်ဟွာ)

ဘေရွတ် ၊ သြဂုတ် ၅ ရက်(ဆင်ဟွာ) 

လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ ဆိပ်ကမ်းတွင် သြဂုတ် ၄ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့သည့် ပြင်းထန်သော ပေါက်ကွဲမှုအတွင်း သေဆုံးသူ ဦးရေသည် လက်ရှိအချိန်တွင် ၇၃ ဦးအထိမြင့်တက်လာပြီး ဒဏ်ရာရသူ အရေအတွက်မှာလည်း ၃,၇၀၀ဦးထိ ရှိလာခဲ့ကြောင်း သိရသည်။ 

သြဂုတ် ၄ ရက် ညနေပိုင်း ဒေသစံတော်ချိန် ၁၈:၁၀ ခန့်တွင် ဘေရွတ်မြို့ဆိပ်ကမ်း၌ ပြင်းထန်သည့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ဆိပ်ကမ်း၏ ၅ ကီလိုမီတာအကွာအဝေးအတွင်း တည်ရှိသော အဆောက်အဦများသည် တုန်ခါမှုကို ခံစားခဲ့ရသလို မြောက်ပိုင်းရှိ ဘေးဘလော့စ်၊ တောင်ပိုင်း ဆီဒန် စသည့် မြို့နေပြည်သူများမှလည်း ပြင်းထန်သည့် ပေါက်ကွဲသံကို ကြားခဲ့ရကြောင်း သိရသည်။ 

 လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တွင် ဩဂုတ် ၄ ရက်က ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် မြင်ကွင်းအား တွေ့ရစဉ် (ဆင်ဟွာ)

 လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တွင် ဩဂုတ် ၄ ရက်က ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် မြင်ကွင်းအား တွေ့ရစဉ် (ဆင်ဟွာ)

 လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တွင် ဩဂုတ် ၄ ရက်က ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် မြင်ကွင်းအား တွေ့ရစဉ် (ဆင်ဟွာ)

 လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တွင် ဩဂုတ် ၄ ရက်က ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် မြင်ကွင်းအား တွေ့ရစဉ် (ဆင်ဟွာ)

ပေါက်ကွဲမှုကြောင့် ဘေရွတ်မြို့ရှိ နေအိမ်နှင့်လမ်းများ ဆိုးဆိုးဝါးပျက်စီးခဲ့ကြောင်း သိရသည်။ “ကပ်ကြီးကျသလိုပါပဲ။လူတွေအများကြီးဒဏ်ရာရကုန်တယ်”ဟု အချင်းဖြစ်ရပ်ကို ကြုံတွေ့ခဲ့သည့် မြို့နေတစ်ဦးက ဆိုသည်။ အချင်းဖြစ်ပွားနေရာမှ ၁၀ ကီလိုမီတာကျော် အကွာအဝေးရှိ သမ္မတ အိမ်တော် အဆောက်အဦးလည်း ပျက်စီးခဲ့ကြောင်း ဒေသခံမီဒီယာများ၏ ဖော်ပြချက်များအရ သိရသည်။

အချင်းဖြစ်ပွားရာနေရာသို့ အရေးပေါ်ယာဉ် အမြောက်အမြားသွားရောက် ကူညီကယ်ဆယ်မှုများ ပြုလုပ်ပေးခဲ့သလို မီးသတ်ကားအမြောက်အမြားလည်း မီးငြိှမ်းသတ်ပေးခဲ့ကြောင်း နှင့် လက်ဘနွန် စစ်တပ်မှလည်း ရဟတ်ယာဉ်များ စေလွှတ်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကနဦး စရင်းများအရ အချင်းဖြစ်ပွားမှုအတွင်း သေဆုံးသူ အနည်းဆုံး ၇၃ ဦး ၊ ဒဏ်ရာရသူ ၃,၇၀၀ ဦး ရှိကြောင်း လက်ဘနွန်နိုင်ငံ ကျန်းမာရေးဝန်ကြီးHassanက အချင်းဖြစ်ပွားသောနေ့တွင် ပြောကြားခဲ့သည်။ 

ဘေရွတ်ဆေးရုံတွင် လူနာ လက်ခံကုသနိုင်မှု အကန့်အသတ်ရှိသောကြောင့် ဒဏ်ရာရသူများကို အနီးတဝိုက်ဆေးရုံများသို့ မျှဝေပို့ဆောင်ပေးကြရန်နှင့် ဆေးဝန်ထမ်းများအားလုံး ကယ်ဆယ်ကုသရေးတွင် ပါဝင်ကြရန် ၎င်းက တိုက်တွန်းပြောကြားခဲ့သည်။ 

လက်ရှိတွင် အချင်းဖြစ်ပွားသည့် အသေးစိတ်အခြေအနေကို မသိရသေးပေ။ လက်ဘနွန် မီဒီယာများ၏သတင်းအရ ဆိပ်ကမ်းရှိ သိုလှောင်ရုံတစ်ခု မီးလောင်ရာမှ အကြီးစားပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

မျက်မြင်သက်သေတစ်ဦးက အချင်းဖြစ်ပွားသောနေ့တွင် ပေါက်ကွဲမှုနှစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း ၊ ယင်းပေါက်ကွဲနှစ်ခုသည် စက္ကန့်ပိုင်းသာခြားကြောင်း ဆိုသည်။ 

လက်ဘနွန် ပြည်ထဲရေးဝန်ကြီး  Fahmiက  ပေါက်ကွဲမှုသည် ၂၀၁၄ခုနှစ်က ဆိပ်ကမ်း ဂိုဒေါင်တွင် သိုလှောင်ထားသည့် အမိုးနီးယားနိုက်ထရိတ် ဓါတ်တု ပစ္စည်းကြောင့် ဖြစ်နိုင်ကြောင်း ဆိုသည်။ 

လက်ဘနွန်နိုင်ငံ သမ္မတ Aoun အချင်းဖြစ်ပွားသောနေ့တွင်ပင် အရေးပေါ်လုံခြုံရေးအစည်းအဝေးခေါ်ယူခဲ့ပြီး ပေါက်ကွဲမှုနောက်ပိုင်းကိစ္စရပ်များကို ဆောင်ရွက်ရန် စစ်တပ်ကို ညွှန်ကြားခဲ့သလို ဒဏ်ရာရသူများကို သက်ဆိုင်ရာဌာနမှ အခမဲ့ကုသပေးရန်၊ နေအိမ်ပျက်စီး အိုးမဲ့အိမ်မဲ့ဖြစ်သော မိသားစုများအား ကူညီထောက်ပံ့မှုပေးရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။

သမ္မတ Aoun အချင်းဖြစ်နေရာသို့ သွားရောက်ကြည့်ရှုခဲ့ရာ  သြဂုတ် ၅ ရက်ကို  တစ်နိုင်ငံလုံး အောက်မေ့ဝမ်းနည်းဖွယ်နေ့အဖြစ် ကြေညာခဲ့ပြီး လက်ဘနွန်ကို နိုင်ငံတကာ အသိုက်အဝန်းမှ အကူအညီပေးရန် တောင်းခံခဲ့ကြောင်း သိရသည်။  (Xinhua)