Environment, Disasters & Accidents7 years ago
မင်္ဂလာဒုံမြို့နယ်၌ ရေခဲသေတ္တာအပူလွန်ကဲပြီး လူနေအိမ် ၈လုံး မီးလောင်ဆုံးရှုံး
ရန်ကုန်၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ စမ်းကြီးဝရပ်ကွက်တွင် ဒီဇင်ဘာ ၂၉ ရက် နံနက် ၆နာရီ ၁၀မိနစ်က ရေခဲသေတ္တာအပူလွန်ကဲ၍ မီးစတင်လောင်ကျွမ်းခဲ့ရာ လူနေအိမ် ၈လုံးထိ ကူးစက်လောင်ကျွမ်းပြီး ဆုံးရှုံးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။