မုံရွာ၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၌ ဧပြီ ၁၃ ရက် (သင်္ကြန်အကြိုနေ့)တွင် ကျင်းပသည့် မုံရွာမဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားအား ရိုက်ကူးတင်ဆက်ထားခြင်း ဖြစ်ပါသည်။ (Xinhua)
မုံရွာ၊ ဒီဇင်ဘာ ၂၇ ရက် (ဆင်ဟွာ) လယ်တီဆရာတော်ကြီး၏ ၁၁၃ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အနေဖြင့် မဟာသရဏဂုမ်ရွတ်ဖတ်ခြင်းနှင့် မဟာလယ်တီသံဃာတော်များက ဆီမီး ၇၀၀၀ ပူဇော်ပွဲအား မုံရွာမြို့ လယ်တီ ကျောက်စာတိုက်အတွင်း ဒီဇင်ဘာ ၂၅ ရက် ညပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။ (Xinhua)
မုံရွာ ၊ အောက်တိုဘာ ၄ ရက်(ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ဘုရားကြီးလမ်းရှိ မြန်မာမုန့်ဈေးတန်းတွင် အညာတရာမုန့်၊ မုန့်လက်ကောက်၊ ငှက်ပျောဂျုံကြော်၊ မုန့်လုံးကြီးကြော်၊ ဆီးပြားကြော်၊ ပဲကပ်ကြော်၊ မုန့်ပြားသလက်၊ အထက်မီးအောက်မီးမုန့် စသည့် မုန့်အမျိုးမျိုး ပြုလုပ်ရောင်းချနေမှုများအား ဖော်ပြပါ ရုပ်သံဖိုင်တွင် ကြည့်ရှုနိုင်ပါသည်။ (Xinhua)
မုံရွာ ၊ စက်တင်ဘာ ၂၉ ရက်(ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ကျောက်ကာလမ်းက သနပ်ခါးဈေးတန်း မြင်ကွင်း ဖြစ်ပါသည်။ ချင်းတွင်းမြစ်အနောက်ဖက် ယင်းမာပင်နယ် ၊ ဘန့်ဘွေးဒေသထွက် သနပ်ခါးများကို ဈေးကွက်တင် ရောင်းချနေကြခြင်း ဖြစ်သည်ဟု သိရပါသည်။ (Xinhua)
မုံရွာ ၊ စက်တင်ဘာ ၂၆ ရက်(ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ ညောင်တစ်ပင်ညနေစျေးတွင် ရာသီစာ မှိုဥနက်များ ရောင်းချနေမှုများအား ဖော်ပြပါ ရုပ်သံဖိုင်တွေ ကြည့်ရှုနိုင်ပါသည်။ (Xinhua)
မုံရွာ ၊ စက်တင်ဘာ ၂၁ ရက်(ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၌ ချင်းတွင်းရေကြည် ပန်းချီဆရာဦးညိုသိန်း၏ “တောင်တော်ပုပ္ပါး ရွှေစကား” အမည်ရှိ ရေဆေးပန်းချီလက်တွေ့ရေးဆွဲနေမှု မြင်ကွင်းများအား ဖော်ပြပါရုပ်သံဖိုင်တွင် ကြည့်ရှုနိုင်ပါသည်။ (Xinhua)
မုံရွာ ၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့က နှစ်ပေါင်း ၁၀၀ နီးပါးသက်တမ်းရှိ လယ်တီကျောက်စာတိုက်ကြီးအား ဖော်ပြပါ ရုပ်သံဖိုင်တွင် ကြည့်ရှုနိုင်ပါသည်။ (Xinhua)