အေဒင်၊ ယီမင်၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် ယီမင်နိုင်ငံ တောင်ပိုင်း Aden လေဆိပ်တွင် ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုသုံးခုကြောင့် သေဆုံးသူအရေအတွက်မှာ ဒီဇင်ဘာ ၃၀ ရက်တွင် ၂၂ ဦးအထိရှိလာပြီဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။
ဆန်နာ ၊ ဒီဇင်ဘာ ၆ ရက်(ဆင်ဟွာ) ဘာသာပြန်/ကိုငယ် အသက် ၇ နှစ် အရွယ် ယီမင်လူငယ်လေး Ammar Saleh သည် လွန်ခဲ့သော ၁၀ လကျော်ကြာက လေကြောင်းတိုက်ခတ်မှုတစ်ခုအတွင်း ၎င်း၏ ညာဘက်ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ရပြီးနောက် ဒီဇင်ဘာ ၃ ရက်တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ...
ကူဝိတ်စီးတီး၊ စက်တင်ဘာ ၂၉ ရက်(ဆင်ဟွာ) လွန်ခဲ့သော ရက်ပိုင်းများက ခရီးသည် ၅၅ ဦး တင်ဆောင်လာသော ရေယာဉ်တစ်စီး ယီမင်နိုင်ငံ အရှေ့ပင်လယ်ပြင်တွင် ပျောက်ဆုံးခဲ့ကြောင်း ယီမင်နိုင်ငံဒေသခံအစိုးရက စက်တင်ဘာ ၂၈ ရက်တွင်ပြောကြားခဲ့သည်။
ယီမင် ၊ စက်တင်ဘာ 5 ရက် (ဆင်ဟွာ) ယီမင် နိုင်ငံ Dhamar ပြည်နယ် အနောက်တောင်ပိုင်း တွင် စက်တင်ဘာ ၁ ရက် နံနက် ပိုင်းတွင် အကျဉ်း ထောင် တစ်ခုကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများဖြစ်ပွားပြီး၊ ကယ်ဆယ်ရေးအဖွ့ဲများက စက်တင်ဘာ ၄ ရက်...
ဆန်နာ ၊ စက်တင်ဘာ ၂ ရက်(ဆင်ဟွာ) ယီမင်နိုင်ငံ အလယ်ပိုင်း Dhamar ပြည်နယ်ရှိ ထိန်းသိမ်းရေးစခန်းတစ်ခုအား ဆော်ဒီဦးဆောင်သောတပ်ဖွဲ့က လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသူ အနည်းဆုံး ၁၃ဝ ဦးရှိခဲ့ကြောင်း နိုင်ငံတကာကြက်ခြေနီအဖွဲ့(ICRC) က စက်တင်ဘာ ၁ ရက် ညပိုင်းတွင်ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
ကူဝိတ်စီးတီး၊ သြဂုတ် ၂၆ ရက်(ဆင်ဟွာ) ယီမင် STCအသွင်ကူးပြောင်းရေးကောင်စီ ၏ လက်နက်ကိုင် အင်အားစုများက ယီမင်နိုင်ငံတောင်ပိုင်း ရှဘ်ဝါ(Shabwa)ပြည်နယ်တွင် အစိုးရတပ်နှင့် အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားရာ အနည်းဆုံး လူ ၁၅ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ဆန်နာ ၊ သြဂုတ် ၂၆ ရက်(ဆင်ဟွာ) ယီမင်နိုင်ငံ၏ ဟူတီသူပုန်များက ဆော်ဒီအာရေးဗျနိုင်ငံ Jizan လေဆိပ်သို့ဦးတည်၍ သြဂုတ် ၂၅ ရက် ညနေပိုင်းက ဒုံးကျည် ၁ဝ စင်းပစ်လွှတ်တိုက်ခိုက်ခဲ့ကြောင်း အဆိုပါ သူပုန်အုပ်စုပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
ဝါရှင်တန်၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ) ယီမင်နိုင်ငံတွင် သြဂုတ်လ ၂၀ ရက်က အမေရိကန် စစ်ဘက်မောင်းသူမဲ့လေယာဉ်တစ်စီးအား ပစ်ချခံခဲ့ရကြောင်း အမေရိကန်အရာရှိသူများက သြဂုတ်လ ၂၁ ရက်တွင် ပြောကြားခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။
ကူဝိတ်စီးတီး၊ သြဂုတ် ၁၅ ရက်(ဆင်ဟွာ) STC အသွင်ကူးပြောင်းရေးကောင်စီအနေဖြင့် လက်နက်ကိုင် အင်အားစုများကို ယီမင်နိုင်ငံ ယာယီမြို့တော် အေဒင်(Aden)မြို့မှ ရုပ်သိမ်းလျှင် တွေ့ဆုံဆွေးနွေးမှုပြုလုပ်မည်ဟု ယီမင်အစိုးရက သြဂုတ် ၁၄ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ကူဝိတ်စီးတီး၊ သြဂုတ် ၁၁ ရက်(ဆင်ဟွာ) ယီမင်နိုင်ငံ တောင်ပိုင်း အသွင်ကူးပြောင်းရေးကောင်စီ(STC)သည် သြဂုတ် ၁၀ ရက်တွင် ယာယီမြို့တော်အဒန် ( Aden) ရှိ သမ္မတရုံးအား ဝင်ရောက် သိမ်းပိုက်ခဲ့သည့် လုပ်ရပ်အပေါ် ပြစ်တင်ရှုတ်ချကြောင်း ယီမင်အစိုးရက အချင်းဖြစ်နေ့မှာပင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။