Connect with us

News

ယီမင် ပဋိပက္ခနှင့်ဆက်စပ်သော ဘက်ပေါင်းစုံက အပစ်အခတ် ရပ်စဲရေး သက်တမ်းတိုးရန် သဘောတူကြောင်း ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ကြေညာ

ယီမင်နိုင်ငံ ဟူဒေးဒါရ်မြို့ ဆေးရုံတစ်ရုံရှိ အာဟာရချို့တဲ့နေသော ကလေးငယ်အား ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ သြဂုတ် ၃ ရက် (ဆင်ဟွာ)

ယီမင်နိုင်ငံ ပဋိပက္ခနှင့်ဆက်စပ်သည့် ဘက်ပေါင်းစုံက မူလစာချုပ်ပါ တူညီသောစည်းမျဉ်းများဖြင့် အပစ်အခတ် ရပ်စဲရေးသက်တမ်းကို ယခုနှစ် အောက်တိုဘာ ၂ ရက်နေ့အထိ အချိန် ၂ လ ထပ်မံ သက်တမ်းတိုးရန် သဘောတူကြောင်း ကြေညာခဲ့သည်ဟု ယီမင်ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Hans Grundberg က သြဂုတ် ၂ ရက်တွင် ကြေညာခဲ့သည်။လက်ရှိ ယီမင်နိုင်ငံ၏ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်သည် ယခုနှစ် ဧပြီ ၂ ရက်မှ စတင်အသက်ဝင်ခဲ့ပြီး သဘောတူစာချုပ်သက်တမ်းမှာ ၂ လ ဖြစ်ကြောင်း သိရသည်။ ယင်းနောက် သက်တမ်းကုန်ဆုံး၍ သက်တမ်း နှစ်လ တိုးခဲ့ပြီး ယခုအကြိမ်သက်တမ်းတိုးမှုမှာ ဒုတိယအကြိမ်ဖြစ်ကြောင်း သိရသည်။ (Xinhua)

…………………………………………
联合国特使宣布也门冲突各方同意再延长停火
新华社联合国8月2日电(记者尚绪谦)联合国也门问题特使格伦德贝里2日发表声明,宣布也门冲突各方同意按照原协议的相同条款将停火时间再延长两个月,至今年10月2日。
当前的也门停火协议于今年4月2日生效,为期两个月。到期后延长两个月,此次为第二次延期。
图说 – 2021年11月20日在也门荷台达一所医院拍摄的营养不良的儿童。新华社发(穆罕默德摄)