ပေကျင်း၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ) ရုရှားစစ်တပ်သည် ယူကရိန်းနိုင်ငံ အိုဒက်ဆာပြည်နယ် Berezan ဒေသရှိ အမေရိကန် “Harpoon” သင်္ဘောဖျက်ဒုံးကျည်လောင်ချာစနစ်ကို ဖျက်ဆီးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင် ၁၂ ရက်တွင် ဖော်ပြခဲ့သည်။ ယူကရိန်းသည် ဇူလိုင် ၁၂ ရက်တွင် အမေရိကန်မှ ထောက်ပံ့သည့် ကန်ဒေါ်လာ...
ကိဗ်၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံအတွက် ယူရို ၁ ဘီလီယံ အကူအညီပေးရေး အစီအစဉ်သစ် ပေးအပ်ရန် EU ၏ ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်း ဇူလိုင် ၁၂ ရက်တွင် ယူကရိန်းဝန်ကြီးချုပ် Denys Shmyhal က ပြောကြားခဲ့သည်။ (Xinhua) ………………….....
ဒွန်းနက်စ်နှင့်လူးဟန့်စ်ခ်၏လွတ်လပ်ရေးကို မြောက်ကိုရီးယားနိုင်ငံက အသိအမှတ်ပြုကြောင်း KCNA သတင်းအေဂျင်စီက ဇူလိုင် ၁၄ ရက်တွင် ဖော်ပြခဲ့သည်။ မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး Choe Son-huiက ဒွန်းနက်စ်နှင့်လူးဟန့်စ်ခ်၏လွတ်လပ်ရေးကို အသိအမှတ်ပြုသည်ဟု ဇူလိုင် ၁၃ ရက်တွင် ကြေညာခဲ့ကြောင်း KCNA သတင်းဌာန၏ ဖော်ပြချက်များအရ သိရသည်။ မြောက်ကိုရီးယား၏ဤဆုံးဖြတ်ချက်အပေါ် ပြစ်တင်ရှုတ်ချကြောင်း ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ခဲ့သည်။...
မော်စကို၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံအနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် တံခါးဖွင့်ထားကြောင်းနှင့် ယူကရိန်းနိုင်ငံနှင့် ဆွေးနွေးမှုများမှာ အချိန်ကြာလာသည်နှင့်အမျှ ပိုမိုခက်ခဲလာနိုင်မည်ဖြစ်ကြောင်း ရုရှား သမ္မတ ဗလာတီမာပူတင်က ဇူလိုင် ၇ ရက်၌ ပြောကြားခဲ့သည်။ “ငြိမ်းချမ်းရေးဆွေးနွေးမှုတွေအတွက် ကျွန်တော်တို့မှာ ငြင်းဆိုဖို့မရှိပါဘူး။ ဒါပေမဲ့ ငြင်းဆိုနေတဲ့သူတွေကတော့ အချိန်ဖြုန်းနေတာဖြစ်ပြီး ကျွန်တော်တို့နဲ့...
ဝါရှင်တန်၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံက ယူကရိန်းနိုင်ငံအား လေယာဉ်ဖျက်နှင့် လေကြောင်းရန်ကာကွယ်ရေးစနစ်များအပြင် ဒုံးကျည်စနစ်များ အဆင့်မြှင့်တင်ရန် ထပ်တိုးခဲယမ်းမီးကျောက်များ ပါဝင်သည့် လုံခြုံရေးအကူအညီအသစ်များ ပေးအပ်မည်ဟု ဇူလိုင် ၁ ရက်က ကြေညာခဲ့သည်။ စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၈၂၀ ရှိသော လက်နက်အသစ်များသည် အပိုင်းနှစ်ပိုင်းဖြင့်...
ပေကျင်း၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ) ပင်လယ်နက်ရှိ မြွေကျွန်းမှ ရုရှားတပ်များ ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Igor Konashenkovက ဇွန် ၃၀ ရက်တွင် ပြောကြားခဲ့သည်။ ရုရှားနှင့်ယူကရိန်းအကြား စစ်သုံ့ပန်းအများအပြားလဲလှယ်ရေး လှုပ်ရှားမှုကို ဇွန် ၂၉ ရက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ ___...
ပေကျင်း၊ ဇွန် ၂၉ ရက် (ဆင်ဟွာ) ရုရှားအထူးစစ်ဆင်ရေးပြီးဆုံးမည့် ခန့်မှန်းခြေရက်ကို သတ်မှတ်ထားခြင်းမရှိကြောင်း ရုရှားနိုင်ငံ သမ္မတ၏ပြန်ကြားရေး အတွင်းရေးမှူး Dmitry Peskov က ဇွန် ၂၈ ရက်တွင် ပြောကြားခဲ့သည်။ ယူကရိန်းသမ္မတ ဇယ်လန်းစကီးက ၎င်းသည် နေတိုးအထွေထွေအတွင်းရေးမှူးချုပ် Jens Stoltenberg နှင့် နေတိုးမက်ဒရစ်...
ပေကျင်း၊ ဇွန် ၂၇ ရက်(ဆင်ဟွာ) အထူးစစ်ဆင်ရေးတွင် ပါဝင်သည့် ရုရှားတပ်ဖွဲ့ကို ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက် ၏ ဇွန် ၂၆ ရက် ထုတ်ပြန်ချက်များအရ သိရသည်။ ရုရှားတပ်များ ဒွန်းနက်စ်(Donetsk)ဒေသ မြောက်ပိုင်း အဓိကမြို့ Slovyanskတွင် စစ်အင်အား...
ပေကျင်း၊ ဇွန် ၂၄ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံမှ ပေးပို့သည့် ရွှေ့လျားမှုစွမ်းရည်မြင့်မားသော ဒုံးလောင်ချာစနစ် (HIMARS) သည် ယူကရိန်းနိုင်ငံသို့ ရောက်ရှိပြီဖြစ်ကြောင်း ယူကရိန်း ကာကွယ်ရေးဝန်ကြီး Oleksii Reznikov က ဇွန် ၂၃ ရက်တွင် ပြောကြားခဲ့သည်။ အမေရိကန်ဆိုင်ရာ ယူကရိန်းသံရုံးမှ ကြေးစားတပ်များ တရားဝင်ခေါ်ယူခြင်း...
ဘရပ်ဆဲလ်၊ ဇွန် ၂၄ ရက် (ဆင်ဟွာ) ဥရောပသမဂ္ဂ (EU) ခေါင်းဆောင်များက ယူကရိန်းနိုင်ငံနှင့် မော်လ်ဒိုဗာနိုင်ငံတို့အား အီးယူအဖွဲ့ဝင်ကိုယ်စားလှယ်လောင်းအဖြစ် လက်ခံခဲ့ကြောင်း ဥရောပကောင်စီ ဥက္ကဋ္ဌ Charles Michel က ဇွန်၂၃ ရက်၌ ပြောကြားခဲ့သည်။ “သဘောတူညီမှုရရှိပါတယ်။ EUCO အနေနဲ့ ယူကရိန်းနဲ့ မော်လ်ဒိုဗာတို့ရဲ့ အီးယူအဖွဲ့ဝင်ကိုယ်စာလှယ်လောင်း...