Connect with us

News

ရုရှားတပ်များ မြွေကျွန်းမှ ရုပ်သိမ်း၊ ရုရှား-ယူကရိန်း စစ်သုံ့ပန်း အများအပြားလဲလှယ်မှု ပြုလုပ်

မာရီယူပိုးလ်မြို့တွင် ယူကရိန်းတပ်ဖွဲ့ဝင်များ ဘတ်စ်ကားစီးထွက်ခွာသွားသည်ကို မေ ၁၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ)

ပင်လယ်နက်ရှိ မြွေကျွန်းမှ ရုရှားတပ်များ ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Igor Konashenkovက ဇွန် ၃၀ ရက်တွင် ပြောကြားခဲ့သည်။ ရုရှားနှင့်ယူကရိန်းအကြား စစ်သုံ့ပန်းအများအပြားလဲလှယ်ရေး လှုပ်ရှားမှုကို ဇွန် ၂၉ ရက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယူကရိန်းနိုင်ငံ Kharkiv မြို့ရှိ အရှေ့ပိုင်းမြောက်ပိုင်း Saltivka ၌ ပျက်စီးနေသောအဆောက်အဦနှင့် မော်တော်ယာဉ်အား ဇွန် ၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

___ ရုရှားတပ်များ၏ မြွေကျွန်းတာဝန်မှာ ဇွန် ၃၀ ရက်တွင် ပြီးဆုံးခဲ့ရာ အခြေစိုက်တပ်စခန်း ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း၊ ယူကရိန်း လယ်ယာထုတ်ကုန်ပစ္စည်းများ တင်ပို့မှုဆိုင်ရာ ကုလသမဂ္ဂ၏ကြိုးပမ်းမှုကို ရုရှားမှ တားဆီးခြင်းမဟုတ်သည်ကို ယင်းလုပ်ဆောင်ချက်က နိုင်ငံတကာသို့ ပြသလိုက်ခြင်း ဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Igor Konashenkovက ယင်းနေ့တွင် ပြောကြားခဲ့သည်။ ဤဆုံးဖြတ်ချက်သည် ပင်လယ်နက် အနောက်မြောက်ပိုင်း ပင်လယ်ပြင်ကို ရုရှားထိန်းချုပ်မှုကြောင့် စားနပ်ရိက္ခာသယ်ယူပို့ဆောင်၍မရ ဟူသော ယူကရိန်း၏ စားနပ်ရိက္ခာအကျပ်အတည်းအကြောင်းပြချက် ပုံကြီးချဲ့ပြောကြားနေမှုမရှိစေရန်အတွက်ဖြစ်ကြောင်း Igor Konashenkov က ဆိုသည်။ “အခု ဆုံးဖြတ်ချက်အလုံးစုံက ယူကရိန်းဘက်မှာသာရှိပါတယ်၊ ယနေ့အထိ ယူကရိန်းက ပင်လယ်နက်ကမ်းရိုးတန်းနဲ့ ဆိပ်ကမ်းရေပြင်မှာ သူမြှုပ်ထားတဲ့ ရေမြှုပ်ဗုံးတွေကို ဖယ်ရှားခြင်းမရှိသေးဘူး”ဟု ၎င်းက ပြောကြားခဲ့သည်။

___ ရုရှားတပ်နှင့် လူးဟန့်စ်ဒေသလက်နက်ကိုင်အင်အားများ Lysychansk ရေနံချက်စက်ရုံကို အပြည့်အဝထိန်းချုပ်ထားပြီးဖြစ်ရာ စက်ရုံအတွင်း ယူကရိန်းတပ်များကို လုံးဝဆုတ်ခွာအောင် တိုက်ထုတ်နိုင်ခဲ့ကြောင်း RIA Novosti က ဇွန် ၃၀ ရက်တွင် ဖော်ပြထားသည်။ လက်ရှိ Lysychansk မြို့ ဧရိယာသို့ အရှိန်အဟုန်ဖြင့် ထိုးစစ်ဆင်နေရာ ယူကရိန်းတပ်များက အဖွဲ့ငယ်ခွဲ၍ Lysychansk မှ ထွက်ခွာရန် ကြိုးပမ်းနေကြောင်း၊ Lysychansk တစ်ခုလုံးကို ထိန်းချုပ်ရန် ရက်ပိုင်းမျှသာလိုကြောင်း လူးဟန့်စ်ခ်လက်နက်ကိုင်များက ပြောကြားခဲ့သည်။ Lysychanskနှင့်၎င်း၏ဆင်ခြေဖုံးဒေသများကို လုံးဝထိန်းချုပ်နိုင်ပြီဆိုပါက လူးဟန့်စ်ဒေသတစ်ခုလုံး “လွတ်မြောက်ရေး”ရရှိပြီဖြစ်ကြောင်း ဆိုသည်။

— ရုရှားတပ်များက ဇွန် ၃၀ ရက်တွင် အမြောက်ပစ်ခတ်မှုအကူအညီဖြင့် Lysychanskမြို့ကို ဝိုင်းထားရန် ကြိုးပမ်းနေသလို Lysychansk- Bakhmut အမြန်လမ်းအပိုင်းကို ထိန်းချုပ်ရန် ကြိုးစားနေကြောင်း ယူကရိန်း စစ်တပ်၊ စစ်ဦးစီးချုပ်ရုံးက လူမှုကွန်ရက်မီဒီယာ၌ ထုတ်ပြန်ခဲ့သည်ဟု Ukrinform သတင်းအေဂျင်စီက ယင်းနေ့တွင် ဖော်ပြထားသည်။ လက်ရှိတွင် Kamiankaနှင့် Lysychanskရေနံချက်စက်ရုံအနီးတစ်ဝိုက်တွင် တိုက်ပွဲများပြင်းထန်နေကြောင်း၊ တစ်ချိန်တည်းတွင်ပင် ရုရှားတပ်များက Kharkiv ၊ Bakhmut ၊ Kramatorsk စသည့်နေရာများ၌ အမြောက်များဖြင့် အကြီးအကျယ်ဆက်လက်တိုက်ခိုက်နေကြောင်း သိရသည်။

___ “လူးဟန့်စ်ခ် ပြည်သူ့သမ္မတနိုင်ငံ” နှင့် “ဒွန်းနက်စ် ပြည်သူ့သမ္မတနိုင်ငံ” လွတ်လပ်ရေးကို ဆီးရီးယားက လက်ခံအသိအမှတ်ပြုသည့်အတွက် ပြစ်တင်ရှုတ်ချကြောင်း ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်တွင် ဇွန် ၃၀ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။ ယင်းကဲ့သို့ ချစ်ကြည်ရင်းနှီးမှုမရှိသော လုပ်ဆောင်ချက်ကို တုန့်ပြန်ရန်အတွက် ဆီးရီးယားနှင့်သံတမန်ဆက်ဆံရေးဖြတ်တောက်သွားမည်ဖြစ်ကြောင်း၊ သို့သော် နှစ်နိုင်ငံ ကောင်စစ်ဝန်ဆက်ဆံရေးကို ဆက်လက်ထားရှိမည် ဖြစ်ကြောင်း ဖော်ပြထားသည်။ ယူကရိန်းက ဆီးရီးယားအပေါ် ကုန်သွယ်ရေးတားမြစ်မှုနှင့် ဆီးရီးယားတရားဝင်အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များကို အခြားသော ပိတ်ဆို့မှုများစတင်လုပ်ဆောင်နေကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

___ ရုရှားနှင့်ယူကရိန်းအကြား စစ်သုံ့ပန်း အများအပြားလဲလှယ်မှုကို ဇွန် ၂၉ ရက်တွင် ပြုလုပ်ခဲ့ရာ နှစ်ဖက်စလုံးက စစ်သား ၁၄၄ ဦးစီ ပြန်လွှတ်ပေးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Igor Konashenkov က ဇွန် ၃၀ ရက်တွင် ကြေညာချက်ထုတ်ပြန် ပြောကြားခဲ့သည်။ Ukrinform သတင်းအေဂျင်စီ၏ ဇွန် ၂၉ ရက် ဖော်ပြချက်များအရ ပဋိပက္ခဖြစ်ပွားပြီးနောက်ပိုင်း ယူကရိန်းနှင့်ရုရှားအကြား စစ်သုံ့ပန်းအများအပြားလဲလှယ်မှုကို ယင်းနေ့တွင် ပြုလုပ်ခဲ့ကြောင်း၊ လွတ်မြောက်လာသော ယူကရိန်းတပ်ဖွဲ့ဝင်များတွင် ၉၅ ဦးက မာရီယူပိုးလ်မြို့ Azovstal သံ၊ သံမဏိစက်ရုံ၌ စောင့်ကြပ်သူများဖြစ်ပြီး ၎င်းတို့အနက် ၄၃ ဦးက အဇော့တပ်ရင်းမှ ဖြစ်ကြောင်း သိရသည်။

___ အရှေ့ဥရောပနိုင်ငံများတွင် နေတိုး၏ စစ်ရေးအင်အားတိုးချဲ့မှုက ယင်းနိုင်ငံ၏လုံခြုံရေးကို အင်အားဖြစ်စေမည်မဟုတ်ဘဲ အန္တရာယ်သာ တိုးလာစေမည်ဖြစ်ကြောင်း၊ ထို့အပေါ် ရုရှားက တုံ့ပြန်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရုရှား ဒုတိယနိုင်ငံခြားရေးဝန်ကြီး Sergei Ryabkov က ဇွန် ၂၉ ရက်တွင် ပြောကြားခဲ့သည်။ နေတိုးအဖွဲ့ဝင်နိုင်ငံများနှင့် နေတိုးအဖွဲ့သို့ ဝင်ရောက်ရန်လျှောက်ထားသော နိုင်ငံများက “၎င်းတို့၏နိုင်ငံ့ကာကွယ်ရေးအချုပ်အခြာအာဏာတစ်စိတ်တစ်ပိုင်းကို အမေရိကန်အား ပေးအပ်နေခြင်း ဖြစ်တယ်” ၊ နေတိုးချဲ့ထွင်ခြင်းက နိုင်ငံတကာ တည်ငြိမ်ရေးကို ဖျက်ဆီးသည့် အကြောင်းအရင်း ဖြစ်သည်ဟု ယူဆကြောင်း ၎င်းက ပြောကြားခဲ့သည်။

___ ရုရှားစစ်တပ် မိုင်းရှင်းလင်းရေးတပ်ဖွဲ့နှင့် အရေးပေါ်ရေးရာဌာနက ဒွန်းနက်စ်နှင့်လူးဟန့်စ်ခ်ဒေသများတွင် ပေါက်ကွဲစေတတ်သောပစ္စည်းရှင်းလင်းမှုများ ဆောင်ရွက်လျက်ရှိရာ တွေ့ရှိရှင်းလင်းခဲ့သော ပေါက်ကွဲစေတတ်သောပစ္စည်း စုစုပေါင်း ၄၀,၆၅၁ ခု ရှိကြောင်း ရုရှားအမျိုးသားကာကွယ်ရေးကွပ်ကဲမှုစင်တာ အကြီးအကဲ Mizhantsev က ဇွန် ၂၉ ရက်တွင် ပြောကြားခဲ့သည်။ မတ်လ ၂ ရက်မှစပြီး ရုရှားဘက်မှ ယူကရိန်းသို့ ပို့ဆောင်ခဲ့သော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့ပစ္စည်း တန်ချိန် ၃၈,၀၀၀ ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလှုပ်ရှားမှု ၁,၂၃၂ ကြိမ် ပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
……………………..
(Chinese Version
(乌克兰局势)最新动态:俄军从蛇岛撤出 俄乌大规模交换被俘人员
2022-07-01 00:36:12 分类: 政治法律
新华社北京6月30日电综合新华社驻外记者报道:俄罗斯国防部发言人科纳申科夫6月30日说,俄军从位于黑海的蛇岛撤出。俄罗斯和乌克兰29日举行大规模交换被俘人员行动。
——俄罗斯国防部发言人科纳申科夫30日在国防部通告中说,俄军已于当日结束在蛇岛的任务并撤出驻军,此举向国际社会表明,俄罗斯不会阻碍联合国保障乌克兰农产品出口的相关努力。科纳申科夫强调,该决定将避免“乌方以俄方控制黑海西北部海域导致粮食无法运出为借口,炒作粮食危机话题”。他说:“现在一切取决于乌方,乌方至今仍未对其黑海沿岸及港口水域排雷。”
——俄新社30日报道,俄军和卢甘斯克武装力量已完全控制利西昌斯克炼油厂,厂区内乌军已被全面击退。卢甘斯克武装力量说,目前正在向利西昌斯克市区展开积极攻势,乌军正试图分成小股部队从利西昌斯克逃离,距离控制整个利西昌斯克可能只需数天时间。一旦彻底掌控利西昌斯克及其郊区,意味着整个卢甘斯克地区都将得到“解放”。
——乌克兰国家通讯社30日报道,乌克兰武装部队总参谋部在社交媒体上表示,俄军当天继续在炮火支援下试图包围利西昌斯克市并控制利西昌斯克-巴赫穆特高速公路路段。目前,在上卡缅卡以及利西昌斯克炼油厂附近的战斗正在激烈进行中。同时,俄军继续大规模炮击哈尔科夫、巴赫穆特、克拉马托尔斯克等地。
——乌克兰外交部30日在官网发布声明,谴责叙利亚承认“卢甘斯克人民共和国”和“顿涅茨克人民共和国”独立的决定,表示作为对这一不友好行为的回应,乌克兰断绝与叙利亚外交关系,但两国仍将保持领事关系。声明说,乌克兰正在启动对叙利亚实施贸易禁运及对叙利亚法人实体和个人实施其他制裁的程序。
——俄罗斯国防部发言人科纳申科夫30日发表声明说,俄乌29日进行了大规模交换被俘人员的行动,俄乌各有144名军人被释放。据乌通社29日报道,乌俄当天进行了冲突以来最大规模的交换被俘人员行动,被释放的乌军中有95人是马里乌波尔亚速钢铁厂的守卫人员,包括43名乌军事力量“亚速营”人员。
——俄罗斯外交部副部长里亚布科夫29日对媒体表示,北约在东欧国家部署额外军事力量不会加强这些国家的安全,反而会导致风险增加,俄罗斯将对此采取措施。他还说,北约国家及申请加入北约的国家“正在将其部分国防主权拱手让给美国”。俄罗斯认为北约的扩张是破坏国际稳定的因素。
——俄罗斯国家防御指挥中心负责人米津采夫29日介绍说,俄军排雷部队和俄紧急情况部在顿涅茨克和卢甘斯克地区执行清除爆炸物的任务,累计发现并清除40651件爆炸物。自3月2日以来,俄方已向乌克兰运送约3.8万吨人道主义物资,开展1231次人道主义行动。(参与记者:刘恺、赵冰、李东旭、李铭)(完)

1.  5月17日,在马里乌波尔,乌克兰武装人员乘坐巴士离开。新华社发(维克托摄)
2. 这是6月1日在乌克兰哈尔科夫市东部北萨尔托夫卡拍摄的受损建筑和车辆。新华社发(彼得·德鲁克摄)