တက်ဟုန်း (ယူနန်)၊ မတ် ၁၄ ရက် (ဆင်ဟွာ) မကြာသေးမီက တရုတ်နိုင်ငံ ယူနန်ပြည်နယ် တက်ဟုန်း တိုင်လူမျိုး ဂျိန်းဖောလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ ယဉ်ကျန်းခရိုင် ၂၀၂၆ ခုနှစ် မနောပွဲတော်ကို ဂျိန်းဖော ယဉ်ကျေးမှုဥယျာဉ်၌ စတင်ဖွင့်လှစ်ကျင်းပခဲ့သည်။ သောင်းနှင့်ချီသည့် ဂျိန်းဖောလူမျိုး သွေးချင်းများနှင့် ခရီးသွားဧည့်သည်များ ရွှင်မြူးသောဆိုင်းသံဗုံသံဂီတသံများဖြင့်...
ယူနန်၊ မတ် ၁၄ ရက် (ဆင်ဟွာ) နွေဦးရာသီကာလတွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ချူရှုန် ယီလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ ဝူတိန့်ခရိုင် ကျီရီးလျှိုမြောင်အက်ကွဲကြောင်းကြီးတွင် သစ်တော်ပန်း၊ ငှက်ပျောပန်း၊ သော်ကပန်း စသည့် တောင်ပေါ်တောပန်းလေးများ အလျှိုလျှို ပွင့်လန်းလာသည်။ ဒေသခံလူထုအတွက်လည်း လတ်ဆတ်သောပန်းများ ခူးဆွတ်သည့်အချိန်အခါကောင်းသို့ ရောက်ရှိလာပြီဖြစ်သည်။ လူအများက...
ယူနန်၊ မတ် ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ ဝူလျန့်တောင် အမျိုးသားသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဇုန်တွင် လတ်တလောရက်ပိုင်းက နိုင်ငံတော် အဆင့် (၁) ကာကွယ်ထိန်းသိမ်းထားသော တောရိုင်းတိရစ္ဆာန် အင်ဒိုချိုင်းနား မျောက်မျက်ကွင်းဖြူလေးများ လှုပ်ရှားသွားလာနေသည့် အဖိုးတန်ဗီဒီယိုမှတ်တမ်းကို အနီးကပ် ရိုက်ကူးရရှိခဲ့သည်။ ၎င်းအနက် မွေးကင်းစ ရွှေဝါရောင် မျောက်သားပေါက်လေးက...
တာ့လီ၊ မတ် ၉ ရက် (ဆင်ဟွာ) နွေဦးရာသီရောက်ရှိလာသည်နှင့်အမျှ ရွှေ့ပြောင်းငှက်အုပ်များသည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် တာ့လီမြို့ အယ်ယွမ် ခရိုင်မှ မြောက်ဘက်သို့ စတင်ခရီးနှင်လာကြသည်။ ထိုဒေသရှိ ရေကန်များနှင့် စိမ့်မြေအရပ်များက အဆိုပါရွှေ့ပြောင်းငှက်များ၏ ရာသီအလိုက် ရွှေ့ပြောင်းသွားလာရေးလမ်းကြောင်းတစ်လျှောက်တွင် အရေးပါသော ခရီးတစ်ထောက်နားရာနေရာတစ်ခုအဖြစ် ပံ့ပိုးပေးလျက်ရှိသည်။ (Xinhua) …………………………………….....
လုံချွမ်း (ယူနန်)၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ) မကြာသေးမီက တရုတ်နိုင်ငံ ယူနန်ပြည်နယ် တက်ဟုန်းပြည်နယ်ခွဲ လုံချွမ်းခရိုင်တွင် ဂျိန်းဖောလူမျိုး “ဖက်စိမ်းပွဲတော်” ၊ တအာင်းလူမျိုး “လုံယန်ပွဲတော်” ၊ လီဆူးလူမျိုး “ခေါ့စီပွဲတော်” စသည့် ထူးခြားချက်ရှိသော တိုင်းရင်းသားလူမျိုးပွဲတော်များ ဆက်တိုက်ကျင်းပခဲ့ရာ တိုင်းရင်းသားလူမျိုးစုံ ပြည်သူများနှင့် အရပ်ရှစ်မျက်နှာမှ...
လျန်ဟယ်၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ) ၂၀၂၆ ခုနှစ် နွေဦးပွဲတော်တွင် ယူနန်ပြည်နယ် လျန်ဟယ်ခရိုင်၌ ဘူးပလွေ ယဉ်ကျေးမှုခရီးသွားပွဲတော်နှင့် မနောပွဲတော်ကြီးကို ကျင်းပခဲ့သည်။ ဖေဖော်ဝါရီ ၁၉ ရက် ညပိုင်းတွင် အနုပညာဖျော်ဖြေပွဲ ဖွင့်ပွဲအခမ်းအနား၌ တေးသံသာ အကအလှများ၊ တူရိယာဖျော်ဖြေမှုများဖြင့် ဘူးပလွေယဉ်ကျေးမှု၏ ဆွဲဆောင်မှုကို မြိုင်မြိုင်ဆိုင်ဆိုင်...
ယူနန်၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ) နွေဦးပွဲတော်အခါသမယတွင် နှစ်သစ်ကူးကုန်ပစ္စည်းဈေးကွက်သည် တစ်နှစ်ပတ်လုံးတွင် အရောင်းကောင်းဆုံးအချိန်သို့ ရောက်ရှိလာခဲ့သည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ပေါင်စန်းမြို့ စီတျန့်ခရိုင်တွင် ဂျုံရုပ်လက်ရာများက နွေဦးပွဲတော်ကာလအတွင်း ရေပန်းစားနှစ်ခြိုက်သော ဝယ်ယူသုံးစွဲမှုအသစ်ဖြစ်လာခဲ့သည်။ အရောင်အသွေးစုံလင်၍ ပုံစံသက်ဝင်လှုပ်ရှားသော မြင်းပုံစံ၊ ခြင်္သေ့ပုံစံ၊ တရုတ်အော်ပရာပြဇာတ် မျက်နှာဖုံးပုံစံ စသည့်လက်ရာများသည် သာယာချမ်းမြေ့၍...
ယူနန်၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ) ၂၀၂၅ ခုနှစ် ဇူလိုင်လအတွင်း ယူနန်နှာခေါင်းလန်မျောက်များက နှစ်ရက်ဆက်တိုက် သစ်တောတစ်ခုတည်းအတွင်း တောရိုင်းမှိုစားနေသည်ကို တရုတ်နိုင်ငံ ယူနန်ပြည်နယ် ပိုင်မာနှင်းတောင် အမျိုးသားသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဇုန် သိပ္ပံသုတေသနဝန်ထမ်းများက လတ်တလောရက်ပိုင်းတွင် အနီအောက်ရောင်ခြည်ကင်မရာမှတ်တမ်းများမှ တွေ့ရှိခဲ့သည်။ “မှိုစားရာသီ” သည် လူသားများ သီးသန့်ပိုင်ဆိုင်ခြင်း မဟုတ်ဘဲ...
ကူမင်း၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ) မြင်းနှစ် တရုတ်နွေဦးပွဲတော် ကျရောက်တော့မည့်အချိန်တွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့၌ ပန်းစိုများ ဖြတ်တောက်ရောင်းချမှု ရေပန်းစားနေပြီး ပန်းမန်ကုမ္ပဏီ၊ သမဝါယမအသင်းနှင့် အရောင်းအဝယ်ဈေးအတွင်း၌ အလုပ်များနေသည်။ လတ်ဆတ်သောပန်းစည်းများကို နိုင်ငံတစ်ဝန်းသို့ ပို့ဆောင်လျက်ရှိရာ ပွဲတော်ရက်ကို ပိုစည်ကားစေရုံသာမက နွေဦးပွဲတော်ကာလဈေးကွက်အတွက်လည်း အားသစ်လောင်းပေးလိုက်ပေသည်။ (Xinhua)...
ယဉ်ကျန်း (ယူနန်)၊ ဖေဖော်ဝါရီ ၁၂ ရက် (ဆင်ဟွာ) နွေဦးပွဲတော်မတိုင်မီ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ထုန်ပိကွမ်း ပြည်နယ်အဆင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးဇုန်တွင် နိုင်ငံပထမအဆင့် အထူးကာကွယ်စောင့်ရှောက်ထားသော တိရစ္ဆာန်ဖြစ်သည့် အောက်ချင်းလည်ဝါငှက်နှင့် Malabar Pied အောက်ချင်းငှက် စသည့် အောက်ချင်းငှက်များက အသိုက်ရွေးချယ်ကာ မျိုးပွားရန်ပြင်ဆင်သည့် အရေးကြီးကာလသို့ ဝင်ရောက်လျက်ရှိသည်။