ဆန့်ထို၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဆန့်ထိုမြို့တွင် စက်ရုပ်များက ရင်းကဲအက (သူရဲကောင်းသီချင်းနှင့်ကခုန်ခြင်း) ဖျော်ဖြေတင်ဆက်မှုတစ်ခုတွင် ပါဝင်ကပြခဲ့ကြသည်။ အဆိုပါစက်ရုပ်များက ရိုးရာမျက်နှာဖုံးများနှင့် ခေါင်းဆောင်းများ ဝတ်ဆင်ထားပြီး ၎င်းတို့၏ ချောမွေ့ပြေပြစ်ကာ ချစ်စဖွယ်ကောင်းသော လှုပ်ရှားဟန်များဖြင့် လာရောက်ကြည့်ရှုသူများ၏ အမြင်အာရုံကို အပြည့်အဝ ဖမ်းစားနိုင်ခဲ့သည်။ (Xinhua) …………………………………….....
ဂျကာတာ၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံတွင် အနုပညာရှင်များက လှပ၍ လက်ရာမြောက်လှသော ဝတ်စုံများဝတ်ဆင်လျက် ရိုးရာအကကို တင်ဆက်ကပြခဲ့ကြရာ ပြည်သူအများအပြား လာရောက်ကြည့်ရှုအားပေးခဲ့ကြပြီး နိုင်ငံတကာအကနေ့ကို အတူတကွ ဆင်နွှဲခဲ့ကြသည်။ (Xinhua) …………………………………….. (English Version) Asia Album: People celebrate International...