ကိဗ်၊ ဖေဖော်ဝါရီ ၂၈ ရက်(ဆင်ဟွာ) ရုရှားတပ်များက ကိဗ်မြို့ကို ကြိမ်ဖန်များစွာ ထိုးစစ်ဆင်နေသော်လည်း အောင်မြင်ခြင်းမရှိကြောင်း ယူကရိန်းကြည်းတပ်က ဖေဖော်ဝါရီ ၂၈ ရက်တွင် ပြောကြားခဲ့သည်။
မော်စကို၊ ဖေဖော်ဝါရီ ၂၈ ရက်(ဆင်ဟွာ) အထူးစစ်ဆင်ရေးများအတွင်း ရုရှားတပ်ဖွဲ့ဝင်များ သေဆုံးဒဏ်ရာရမှုများ ရှိကြောင်း ၊ သို့သော် အရေအတွက်က ယူကရိန်း အမျိုးသားရေးဝါဒီ၊ ယူကရိန်းတပ်ဖွဲ့ဝင် သေဆုံးဒဏ်ရာရသူထက် နည်းပါးကြောင်း ရုရှားကာကွယ်ဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၇ ရက်ညပိုင်းတွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၂၈ ရက်(ဆင်ဟွာ) ယူကရိန်းနှင့်ရုရှား ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း နှစ်နိုင်ငံစလုံးက ဖေဖော်ဝါရီ ၂၇ ရက်တွင် ပြောကြားခဲ့သည်။ ရုရှားဗဟိုဘဏ်က ဖေဖော်ဝါရီ ၂၇ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့ရာ တွင် ရုရှား၌လိုအပ်သည့်အရင်းအမြစ်များပိုင်ဆိုင်ပြီး ဘဏ္ဍာရေးတည်ငြိမ်အောင်၊ ဘဏ္ဍာရေးကဏ္ဍလုပ်ငန်းများ လည်ပတ်မှု အာမခံရှိစေအောင် ဆောင်ရွက်၍ ရကြောင်း ဆိုသည်။
ကိဗ် ၊ ဖေဖော်ဝါရီ ၂၈ ရက်(ဆင်ဟွာ) ရုရှားတပ်ဖွဲ့များသည် ကမ္ဘာ့အကြီးဆုံး ကုန်တင်လေယာဉ်ဖြစ်သည့် ယူကရိန်းနိုင်ငံ၏ အထင်ကရ An-225 Mriya လေယာဉ်ကြီးအား ဖျက်ဆီးခဲ့ကြောင်း ဖေဖော်ဝါရီ ၂၇ ရက်တွင် ယူကရိန်းနိုင်ငံ၏ နိုင်ငံပိုင် ကာကွယ်ရေးလုပ်ငန်းစု Ukroboronprom က လူမှုကွန်ရက်စာမျက်နှာ Telegram တွင် ရေးသားဖော်ပြခဲ့သည်။
မော်စကို၊ ဖေဖော်ဝါရီ ၂၈ ရက်(ဆင်ဟွာ) ရုရှားစစ်တပ်၏ မဟာဗျူဟာဟန့်တားရေးအင်အားကို အထူးတိုက်ပွဲဝင် အသင့်အနေအထားအဖြစ် တပ်လှန့်ထားရန် ရုရှားသမ္မတ ပူတင်က ဖေဖော်ဝါရီ ၂၇ ရက်က အမိန့်ပေးခဲ့ကြောင်း ကရင်မလင်နန်းတော် ဝဘ်ဆိုက် သတင်းများအရ သိရသည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၂၈ ရက်(ဆင်ဟွာ) အမေရိကန် ဒရုန်းယာဉ်များ သည် ယူကရိန်းစစ်ပွဲတွင် ပါဝင်ပတ်သတ်နေပြီး ယူကရိန်းတပ်များကို အထောက်အပံ့ပေးနေကြာင်း ရုရှားစစ်တပ်က ဖေဖော်ဝါရီ ၂၆ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ) ရုရှားတပ်ဖွဲ့ဝင် အချို့က ကိဗ်မြို့သို့ ဝင်ရောက်ရန် ကြိုးပမ်းခဲ့သော်လည်း ကိဗ်မြို့ပေါ်နှင့် ဆင်ခြေဖုံးဒေသများသည် ယူကရိန်းစစ်တပ်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေဆဲဖြစ်ကြောင်း ယူကရိန်းသမ္မတရုံး အကြံပေးပုဂ္ဂိုလ် Mykhailo Podolyak က ဖေဖော်ဝါရီ ၂၆ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ) ယူကရိန်းသည် ရုရှားနှင့် ဆွေးနွေးရန် ငြင်းဆိုခဲ့ခြင်းကြောင့် ယူကရိန်းရှိ ရုရှားစစ်တပ် ပင်မအင်အားက ယနေ့တွင် စီစဉ်ထားသည့် စစ်ရေးလှုပ်ရှားမှုကို ပြန်လည်ဆောင်ရွက်မည်ဖြစ်ကြောင်း ရုရှားသမ္မတ၏ပြန်ကြားရေး အတွင်းရေးမှူး Dmitry Peskov က ဖေဖော်ဝါရီ ၂၆ ရက်တွင် ပြောကြားခဲ့သည်။ ယူကရိန်းက...
မော်စကို၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၅ ရက်တွင် ရုပ်သံတစ်ခုကို ထုတ်ပြန်ခဲ့ရာ ထိုရုပ်သံထဲတွင် Lugansk မှ ရုရှားက ကျောထောက်နောက်ခံပြုထားသည့် တပ်ဖွဲ့မှ စစ်တပ်သုံးယာဉ်များ Siverskyi Donets မြစ်အား ဖြတ်ကူးနေပုံများကို ရိုက်ကူးထားခြင်းဖြစ်သည်။ (Xinhua) ……………………….....
ကိဗ်၊ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံက ဒွန်ဘတ်စ်ဒေသသို့ စစ်ဆင်ရေးလုပ်ဆောင်ခဲ့ပြီးနောက် ယူကရိန်းနိုင်ငံ သမ္မတ Volodymyr Zelensky က ဖေဖော်ဝါရီ ၂၄ ရက်တွင် ယူကရိန်းနိုင်ငံ (ကိဗ်) မှ ရုရှားနိုင်ငံ (မော်စကို) သို့ သံတမန်ဆက်ဆံရေးဖြတ်တောက်လိုက်ကြောင်း ဆုံးဖြတ်ချက် ချမှတ်ခဲ့သည်။ (Xinhua) ………………………………...