ရန်ကုန်၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ ခရိုင်(၉)ခုမှ ကျေးရွာပေါင်း(၈၁)ရွာတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ရေရရှိရေး နည်းလမ်း (၆)မျိုးဖြင့် လုပ်ဆောင်ပေးကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ) ရန်ကုန်အရှေ့ပိုင်းခရိုင်ရှိ ဒဂုံ လေးမြို့နယ်နှင့် သီလဝါကို တစ်နေ့လျှင် ရေဂါလန် သန်း ၄၀ ပေးဝေနိုင်ရန် စီစဉ်ထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ရေနှင့် သန့်ရှင်းရေးဌာနထံမှ သိရသည်။
ဝူဟန်၊ အောက်တိုဘာလ ၂၃ရက် (ဆင်ဟွာ) အကြီးစား ရေပေးဝေမှု စီမံကိန်း အား တရုတ်နိုင်ငံ အလယ်ပိုင်း ဟူးပေ ပြည်နယ် တွင် အောက်တိုဘာလ ၂၂ရက်နေ့က စတင်ခဲ့ပြီး စီမံကိန်းပြီးဆုံးပါက ပြည်သူ ၅သန်းအား အကျုးိပြုနိုင်မည်ဖြစ်ကြောင်းသိရသည်။