Connect with us

Social

စစ်ကိုင်းတိုင်းဒေသကြီးရှိ ကျေးရွာ (၈၁)ရွာ ရေရရှိနိုင်ရေး ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ လယ်စိုက်ပျိုးရေးလုပ်ကိုင်နေမှုအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ ခရိုင်(၉)ခုမှ ကျေးရွာပေါင်း(၈၁)ရွာတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ရေရရှိရေး နည်းလမ်း (၆)မျိုးဖြင့် လုပ်ဆောင်ပေးကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ် ဧပြီလမှ စက်တင်ဘာလအထိ (၆)လတာကာလအတွင်း ရေရရှိရန် အပြီး ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ယင်း လုပ်ငန်းအားလုံး၏ ကုန်ကျစရိတ်သည် တိုင်းဒေသကြီးအစိုးရ အဖွဲ့၏ ရန်ပုံငွေကျပ် (၁၂၂၅.၆၈၃)သန်းဖြင့် လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်ဧပြီလမှစက်တင်ဘာလအထိ ကျေးလက်ရေ ရရှိရေရရှိရေးလုပ်ငန်းများအဖြစ် ကလေးခရိုင်အတွင်းရှိ ကျေးရွာ (၁ဝ)ရွာတွင် တွင်းနက် (၇)တွင်း၊ စိမ့်စမ်း ရေသွယ်ခြင်းလုပ်ငန်း (၃)ခုအား ငွေကျပ် (၁၆၉)သန်းဖြင့်လည်းကောင်း၊ ကသာခရိုင်အတွင်းရှိ ကျေးရွာ(၁၉) ရွာတွင် တွင်းတိမ်(၁)တွင်း၊ တွင်းနက် (၁၁)တွင်း၊ လက်တူးတွင်း (၃)တွင်းနှင့် စိမ့်စမ်းရေသွယ်ခြင်းလုပ်ငန်း (၄) ခုအား ငွေကျပ် (၂၄၆)သန်းဖြင့်လည်းကောင်း၊ ကန့်ဘလူခရိုင်အတွင်းရှိကျေးရွာ (၇)ရွာတွင် တွင်းနက် (၇)တွင်းအား ငွေကျပ်(၈၉)သန်းဖြင့်လည်းကောင်း၊ ခန္တီးခရိုင်အတွင်းရှိ ကျေးရွာ(၆)ရွာတွင် တွင်းနက်(၄)တွင်း၊ စိမ့်စမ်းရေသွယ်ခြင်းလုပ်ငန်း (၂)ခုကို ငွေကျပ် (၈၃.၂ဝဝ)သန်းဖြင့်လည်းကောင်း၊ စစ်ကိုင်းခရိုင်အတွင်းရှိ ကျေးရွာ(၇)ရွာတွင် တွင်းနက်(၂)တွင်း၊ အခြားနည်းဖြင့်ရေရရှိရေး လုပ်ငန်း(၅)ခုကို ငွေကျပ်(၁၃၉.ဝ၈၃)သန်း ဖြင့်လည်းကောင်း၊ မုံရွာခရိုင်အတွင်းရှိ ကျေးရွာ(၆)ရွာတွင် တွင်းနက်(၆)တွင်းကို ငွေကျပ်(၉၃.၇ဝဝ)သန်းဖြင့် လည်းကောင်း၊ မော်လိုက်ခရိုင်အတွင်းရှိကျေးရွာ(၅)ရွာတွင် တွင်းနက်(၅)တွင်းကို ငွေကျပ်(၆၄)သန်းဖြင့် လည်းကောင်း၊ ယင်းမာပင်ခရိုင်အတွင်းရှိ ကျေးရွာ(၉)ရွာတွင် တွင်းနက်(၈)တွင်းနှင့်ရေကန်တူးဖော်ခြင်း လုပ်ငန်းကို ငွေကျပ်(၁၃၉.၂ဝဝ)သန်းဖြင့်လည်းကောင်း၊ ရွှေဘိုခရိုင်အတွင်းရှိ ကျေးရွာ(၁၂)ရွာတွင် တွင်းနက်(၁၁)တွင်းနှင့် တက်တူးတွင်း(၁)တွင်းကို ငွေကျပ် (၂ဝ၁.၇ဝဝ)သန်းဖြင့်လည်းကောင်း လုပ်ဆောင် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.