ရန်ကုန်၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၊ ရွှေတိဂုံစေတီတော်ဟု လူသိများသော ရွှေတိဂုံဘုရားသို့ ၂၀၂၅ ခုနှစ်၊ ပထမ ၁၀ လအတွင်း လာရောက်လည်ပတ်သူ ၅.၈၉ သန်းကျော်ဝင်ရောက်ခဲ့ကြောင်း ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ဝင် ဦးဘိုးသင်းက နိုဝင်ဘာ ၁၃ ရက်တွင် ဆင်ဟွာသို့ ပြောကြားခဲ့သည်။
ရန်ကုန်၊ မေ ၃ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး အစိုးရဖွဲ့နှင့် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့တို့က ကြီးမှူးကျင်းပသော (၄၀) ကြိမ်မြောက် ကဆုန်လပြည့် (ဗုဒ္ဓနေ့) ညောင်ရေသွန်းလောင်းပူဇော်ပွဲကို ယနေ့(၃)ရက်၌ ကျင်းပနေသည့်မြင်ကွင်းဖြစ်ပါသည်။ (Xinhua)
ရန်ကုန်၊ ဧပြီ ၉ ရက် (ဆင်ဟွာ) ရွှေတိဂုံစေတီတော်ကို သင်္ကြန်ရုံးပိတ်ရက်များဖြစ်သော ဧပြီ၉ ရက်မှ ဧပြီ ၁၇ ရက်အထိ ပုံမှန်ဖွင့်ချိန်အတိုင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော် ဘဏ္ဍာထိန်းဂေါပကအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆင်ဟွာသို့ ယနေ့ ဧပြီ ၉ ရက်တွင်ပြောသည်။