Connect with us

News

ရွှေတိဂုံစေတီတော်ကို သင်္ကြန်ရုံးပိတ်ရက်များဖြစ်သော ဧပြီ ၉ ရက်မှ ၁၇ ရက်အထိ ပုံမှန်ဖွင့်ချိန်အတိုင်း ဖွင့်လှစ်သွားမည်

၂၀၁၇ ခုနှစ် ဧပြီ ၁၇ ရက်တွင် ကျရောက်သော မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ရွှေတိဂုံဘုရား၌ ရေသပ္ပါယ်နေသည့် ဘုရားဖူးပြည်သူများအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၉ ရက် (ဆင်ဟွာ)

ရွှေတိဂုံစေတီတော်ကို သင်္ကြန်ရုံးပိတ်ရက်များဖြစ်သော ဧပြီ၉ ရက်မှ ဧပြီ ၁၇ ရက်အထိ ပုံမှန်ဖွင့်ချိန်အတိုင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော် ဘဏ္ဍာထိန်းဂေါပကအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆင်ဟွာသို့ ယနေ့ ဧပြီ ၉ ရက်တွင်ပြောသည်။ရွှေတိဂုံစေတီတော် ဘဏ္ဍာထိန်းဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက “သင်္ကြန်ပိတ်ရက်ရော၊ သင်္ကြန်တစ်တွင်းလုံးရော ရွှေတိဂုံစေတီတော်ကို ပုံမှန်ဖွင့်ချိန်အတိုင်း နံနက် ၅ နာရီ မှ ည ၈ နာရီ အထိ ဖွင့်လှစ်သွားမှာပါ။ နှစ်ဆန်းတစ်ရက်နေ့မှာတော့ နှစ်ဦးတရားပွဲ ပြုလုပ်သွားဖို့ရှိပါတယ်’’ ဟု ပြောသည်။

ရွှေတိဂုံစေတီတော် ဘဏ္ဍာထိန်းဂေါပကအဖွဲ့သည် မြန်မာနှစ်ဆန်းတစ်ရက်နေ့ဖြစ်သော ဧပြီ ၁၇ ရက် နံနက် ၅ နာရီတွင် စေတီတော်တောင်ဘက်ရှိ ဧည့်ခံတန်ဆောင်း၌ ရွှေတိဂုံစေတီတော်ကြီးအား ဆွမ်း၊ သစ်သီး၊ ပန်း၊ ရေချမ်းနှင့် နံ့သာတိုင်များ ဆက်ကပ်လှူဒါန်းကြမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)