ပေကျင်း ၊ မေ ၂၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဥပဒေပြု ကိုယ်စားလှယ်များက ဟောင်ကောင်အတွက် အမျိုးသားလုံခြုံရေး ဥပဒေပြဌာန်းချက် ဆုံးဖြတ်ချက်မူကြမ်းတစ်ခုအပေါ် တရုတ်နိုင်ငံဥပဒေပြုကိုယ်စားလှယ်များက အလေးအနက်ထား သဘောတူညီခဲ့ကြပြီး ယင်းဥပဒေကြမ်းသည် နိုင်ငံ၏ အချုပ်အခြာအာဏာ ၊ လုံခြုံရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး အကျိုးစီးပွားများ အပြင် ဟောင်ကောင်၏ ရေရှည်ကြွယ်ဝမှု...
ပေကျင်း၊ မေ ၂၈ ရက်(ဆင်ဟွာ) ဟောင်ကောင်သည် လုံးဝဥဿုံ တရုတ်နိုင်ငံ၏ ပြည်တွင်းရေးသာဖြစ်သည်ဆိုသည့် ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဆာဂျီလာဗ့်ရုဗ် (Sergey Lavrov)၏ ပြောကြားချက်အပေါ် တရုတ်နိုင်ငံက အပြည့်အဝ သဘောတူ တန်ဖိုးထား လက်ခံကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက မေ ၂၇ ရက်တွင် ပြောကြားခဲ့သည်။
ဟောင်ကောင်၊ မေ ၂၆ ရက် (ဆင်ဟွာ) သွေးများလွှမ်းနေသည့် မျက်နှာဖြင့် ရန်ရွှယ်ကျစ် တစ်ယောက် ဟောင်ကောင်၏ Mong Kok ရပ်ကွက်ရှိ လမ်းမတစ်ခုပေါ်တွင် ထိတ်လန့်တုန်လှုပ်စွာ မတ်တပ်ရပ်နေခဲ့သည်။ ၎င်း၏နောက်တွင်မူ သွေးများပေကျံနေသည့် တူတစ်ချောင်းကိုင်ကာ မျက်နှာဖုံးဝတ်ဆင်ထားသည့် အသက် ၂၇ ခုနှစ်အရွယ် ဆူပူအုံကြွသူ လူငယ်တစ်ဦး ရှိနေခဲ့သည်။
ပေကျင်း ၊ မေ ၂၆ ရက်(ဆင်ဟွာ) ဟောင်ကောင်အရေးသည် လုံးဝဥဿုံတရုတ်နိုင်ငံ၏ ပြည်တွင်းရေးသာဖြစ်ပြီး အမေရိကန်အနေဖြင့် ဝေဖန်ရန် သို့မဟုတ် ဝင်ရောက်စွက်ဖက်ရန် အခွင့်အရေးမရှိကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကျောက်လိကျန်း(Zhao Lijian) က မေ ၂၅ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း ၊ မေ ၂၅ ရက်(ဆင်ဟွာ) ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR) နှင့်ပတ်သက်၍ အမျိုးသားလုံခြုံရေးဥပဒေပြဌာန်းရန် ဆုံးဖြတ်ချက်မူကြမ်းတစ်ခုကို တရုတ်နိုင်ငံ ဥပဒေပြုအမတ်များက လုပ်ဆောင်နေစဉ်အတွင်း မိုက်ပွန်ပီယို နှင့် နန်စီပလိုစီကဲ့သို့သော အချို့သော ပြည်ပနိုင်ငံရေးသမားများသည် ဝင်ရောက်စွက်ဖက်မှု ပြုလုပ်ရန် မစောင့်ဆိုင်းနိုင်အောင် ဖြစ်နေကြသည်။
ဟောင်ကောင် ၊ မတ် ၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဟောင်ကောင်၌ အိမ်မွေးတိရစ္ဆာန် ခွေးတစ်ကောင်အား အကြိမ်ကြိမ်စစ်ဆေးပြီးနောက်တွင် COVID-19 ဗိုင်းရပ်စ် ကူးစက်ခံရနိုင်မှုမှာ အနိမ့်ဆုံးအဆင့်တွင်သာရှိပြီး ဖြစ်နိုင်ချေ အလွန်နည်းပါးကြောင်း ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR) အစိုးရအဖွဲ့က မတ် ၄ ရက်တွင် ပြောကြားခဲ့သည်။
ဟောင်ကောင် ၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ) ဟောင်ကောင် သတင်းမီဒီယာ များ ၏ ဖော်ပြချက် အရ တရုတ် နိုင်ငံ အား ပုန်ကန် ပြီး ဟောင်ကောင် အား ပဋိပက္ခ ဖြစ်စေသည့် အဖွဲ့ဝင် များ ဖြစ်သည့် လီကျစ်ရင်း၊ လိကျော်ရိန်နှင့်...
ဟောင်ကောင်၊ဒီဇင်ဘာ ၁၀ ရက်(ဆင်ဟွာ) ဟောင်ကောင်အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်း ကောလိပ်ကျောင်းတစ်ခု၏ဝင်းအတွင်း အ ပြည့်အဝ အသက်ဝင်လည်ပတ်နေပြီးပေါက်ကွဲခဲ့ပါက ထိခိုက်သေဆုံးဒဏ်ရာရမှု အများအပြားဖြစ်ပွား နိုင်သည့် လက်လုပ်အဝေးထိန်းဗုံးနှစ်လုံးအား ဟောင်ကောင်ရဲတပ်ဖွဲ့က ဒီဇင်ဘာလ ၉ ရက်၊ညပိုင်း၌ အောင်မြင်စွာစနက်တံဖြုတ်၍ သက်မဲ့ပြုလုပ်နိုင်ခဲ့ကြောင်းသိရသည်။
ပေကျင်း ၊ ဒီဇင်ဘာ ၃ ရက်(ဆင်ဟွာ) တရုတ် နိုင်ငံ အစိုးရက ဟောင်ကောင်သို့ အမေရိကန် စစ်သင်္ဘောများ နှင့် လေယာဉ်များ လာရောက် လည်ပတ်ရန် လျှောက်ထားမှုများ အပေါ် သုံးသပ်ခြင်းအား ဒီဇင်ဘာ ၂ ရက်မှ စတင်၍ ဆိုင်းငံ့ထားရန် ဆုံးဖြတ်လိုက်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန...
ဟောင်ကောင်၊နိုဝင်ဘာလ ၃၀ ရက်(ဆင်ဟွာ) ဟောင်ကောင်တွင်ဆန္ဒပြသမားများက ရက်သတ္တပတ် နှစ်ပတ်ခန့်အခိုင်အမာ စခန်းချခဲ့ကြသော ဟောင်ကောင်အဆင့်မြင့်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်(Hong Kong Polytechnic University) ဝင်း အတွင်းအန္တရာယ်ရှိပစ္စည်းများအား ရဲတပ်ဖွဲ့ကနှစ်ရက်ကြာရှင်းလင်းမှုများပြုလုပ်ပြီးနောက်တက္ကသိုလ် ဝင်းအတွင်းသို့ ဝင်ခွင့်ပိတ်ဆို့ထားခြင်းအားရဲတပ်ဖွဲ့ကပြန်လည်ရုပ်သိမ်းကာ ဝင်းအတွင်းမှနိုဝင်ဘာလ ၂၉ ရက်မွန်းလွဲပိုင်းတွင်ပြန်လည်ထွက်ခွာ၍တက္ကသိုလ်အုပ်ချုပ်ရေးကိုလည်းပြန်လည်လွှဲပြောင်းပေးခဲ့ ကြောင်းသိရသည်။